
ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါ တစ်ယောက် မေလ ၈ ရက်နေ့က ဂျပန် နိုင်ငံ တိုကျို မြို့ကို ရောက်ရှိနေပါတယ်တဲ့။
လေဒီဂါဂါ တစ်ယောက်ဂျပန်မတိုင်မှီ တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ် မှာပြုလုပ်မဲ့ ပွဲစဉ်ကလဲ တောင်ကိုရီးယား နိုင်ငံ ရဲ့ ရှေးရိုးစွဲဘာသာရေး ဂိုဏ်းဝင် တစ်ချို့က လေဒီဂါဂါရဲ့ ၀တ်စားဆင်ယဉ်မှု၊ ဖျော်ဖြေမှုတွေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒ ပြမှု တွေနဲ့လဲ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဒါကြောင့် လေဒီဂါဂါရဲ့ ပွဲစဉ် ပျက်ခဲ့ရပါသေးတယ်။
လေဒီဂါဂါ ဟာ ဖျော်ဖြေ တင်ဆက်တဲ့ နေရာမှာတော့ ဆန်းဆန်းပြားပြားတွေနဲ့ ပရိတ်သတ်ကို ရင်သတ်ရှုမောမှု ဖြစ် အောင် သူမတူအောင် ဆွဲဆောင်နိုင်သူပါဘဲ။
ဂျပန်ကိုရောက်လာခဲ့တဲ့ လေဒီဂါဂါရဲ့ တီတွင်မှု ဖက်ရှင်တွေကလည်း အားလုံး ငေးလောက်အောင်ပါ။ ပုံမှာတော့ လေဒီဂါဂါရဲ့ အရောင်အသွေးစုံတဲ့ ဆံပင် ဖက်ရှင်ဆန်းကို တွေကြရမှာပါ။
မကြာမီလဲ စင်ကာပူနိုင်ငံကို လာရောက် ဖျော်ဖြေမယ်ဖြစ်ကြောင်းလဲသိရပါတယ်။








0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com