ဈေးကွက်ထဲတွင် မန်ချက်စတာ စီးတီး၏ ငွေသုံးအားကို မိမိတို့ ယှဉ်နိုင်မည် မဟုတ်ဟု မန်ချက်စတာ ယူနိုက်တက် အမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်က ပြောကြားခဲ့သည်။
ကမ္ဘာ့ထိပ်သီး ကြယ်ပွင့်များကို အပြိုင် ဆွဲဆောင်ရာတွင် အိမ်နီးချင်းများထက် အသာ ရနိုင်ရန် မဖြစ်နိုင်ဟု ဂီးလ်က ၀န်ခံခဲ့သည်။ အဘူဒါဘီ ကုဋေကြွယ် သူဌေးများ၏ ကျောထောက်နောက်ခံ ဓန အင်အားဖြင့် ကစားသမားကောင်း များစွာကို ၀ယ်ယူခဲ့သည့် မန်စီးတီးသည် ယခုရာသီ မန်ယူလက်မှ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ပထမဆုံး အကြိမ် လုယူနိုင်ခဲ့ပြီးလည်း ဖြစ်သည်။ ဂီးလ်က မန်ယူသည် မန်စီးတီးကို ငွေကြေး သုံးစွဲမှု အပိုင်းတွင် မယှဉ်နိုင်သော်လည်း သမိုင်းကြောင်း၊ လေးနက်မှုနှင့် ပရိသတ် အားပေးမှုများကို မြတ်နိုးသော ကစားသမားကောင်းများအတွက် ဘူမိ နက်သန်ဟု ပြောဆိုလိုက်သည်။
လတ်တလောတွင် မန်ယူနှင့် မန်စီးတီးတို့သည် လိုင်လီအသင်းမှ ကွင်းလယ်တိုက်စစ်သမား အီဒင်ဟာဇက်ကို အပြိုင် ချိတ်ဆက်နေပြီး ကစားသမား ကိုယ်တိုင်က လာမည့် ရာသီတွင် အပြာရောင် ဂျာစီကို ၀တ်ဆင်မည်ဟု ပြောကြားထားသည်။ ဂီးလ်က "မန်ချက်စတာ နှစ်သင်းမှာ ဘာကို ရွေးမလဲ ဆိုတာဟာ ကစားသမား တစ်ယောက်ချင်းစီနဲ့ သူ့အေးဂျင့်ရဲ့ အကြံပေးမှု အပေါ် မူတည်ပါတယ်။ တကယ်လို့ ငွေကြေးဟာ အရေး အကြီးဆုံးပဲလို့ ခံယူမယ် ဆိုရင် ဒါဟာ ကစားသမားရဲ့ ရွေးချယ်မှုပါ။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းဟာ ကစားသမားတွေကို ကောင်းမွန်တဲ့ လစာခံစားခွင့် ပေးအပ်ထားပြီး ဖြစ်ပါတယ်။ မန်ယူမှာ ကစားမယ့် ကစားသမား တစ်ယောက်ကတော့ ကျွန်တော်တို့ အသင်းရဲ့ ခန့်ထည်တဲ့ သမိုင်းကြောင်း၊ ခမ်းနားတဲ့ အမွေအနှစ်တွေရဲ့ ဂုဏ်ပုဒ်ကို ကိုယ်စားပြုခွင့် ရပါမယ်။ ပြီးတော့ သီတင်းပတ်တိုင်း ပရိသတ် (၇၆၀၀၀)ရှေ့မှာ ကစားနိုင်တဲ့ ခံစားမှုကို ပိုင်ဆိုင် လာမှာပါ" ဟု သုံးသပ် သွားခဲ့သည်။
Ref: The Sun
မန်ချက်စတာ နှစ်သင်းမှာ ဘာကို ရွေးမလဲဆိုတာဟာ ကစားသမား တစ်ယောက်ချင်းစီနဲ့ သူ့အေးဂျင့်ရဲ့ အကြံပေးမှုအပေါ် မူတည်ပါတယ်။ တကယ်လို့ ငွေကြေးဟာ အရေးအကြီးဆုံးပဲလို့ ခံယူမယ်ဆိုရင် ဒါဟာ ကစားသမားရဲ့ ရွေးချယ်မှုပါ.
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com