22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  
Sunday, May 13, 2012
တယူနစ်လျှင်၁၅၀ိ/နှုန်းဖြင့်မတရားတောင်းခံနေသော ရွှေပေါ်ကျွန်းသာသနာပြု စခန်းမှဘုန်းကြီးဦးကုမာရ
နိုင်ငံတော်မှပေးသောလျှပ်စစ်မီးကိုတယူနစ်လျှင်၁၅၀ိ/နှုန်းဖြင့်
မတရားတောင်းခံနေသောမလှိုင်မြို့ နယ်ရွှေပေါ်ကျွန်းသာသနာပြု
စခန်းမှဘုန်းကြီးဦးကုမာရ
မန္တလေးတိုင်းဒေသကြီးမလှိုင်မြို့ နယ်ရွှေပေါ်ကျွန်းသာသနာပြုစခန်းအတွင်း
လွန်ခဲ့သေ(၁၄)နှစ်ခန်ကခန္ဓာဝန်ချသွားခဲ့သည့်အရှင်ဇေယျသိဒ္ဓိဓမ္မဉာဏိက
ဆရာတော်ဘုရားကြီးလက်ထက်ကတည်းကတည်ရှိခဲ့သောကျောင်းဆောင်
ပေါင်း ( ၂၀၀ ) ကျော်နှင့်ထိုကျောင်းဆောင်များတွင် နေထိုင်သူလူဦးရေပေါင်း
 ( ၆၀၀) နီးပါးမျှရှိပါသည်။ထိုသူများမှာသာသနာ့ဝေယျာဝစ္စအလုပ်များလုပ်
ကိုင်ဆောင်ရွက်ကြသူများ၁၅၀ခန့် နှင့် ၎င်းမိသားစုဝင်များဖြစ်ကြပါသည်။
မလှိုင်မြို့ နယ်လျှပ်စစ်ရုံးမှသာသနာပြုစခန်းသို့ နေ့ ရောညပါအချိန်ပြည့် (၂၄)
နာရီလျှပ်စစ်မီးလွှတ်ပေးထားသော်လည်း၊ဘုန်းကြီးမှကျောင်းဆောင်များကို
ညပိုင်းအတွက်သာ(ညနေ၆:၃၀ နာရီမှနံနက် ၅:၃၀နာရီအထိသာ)အသုံးပြု
ခွင့်ပေးပါသည်။
နေ့ ခင်းပိုင်းလုံးဝအသုံးပြုခွင့်မပေးပါ။၂၀၁၂ ခုနှစ်မတ်လအထိကိုမူအောက်ဖော်
ပြပါနှုန်းထားများဧ။်တ၀က်ဖြင့်သာလျှပ်စစ်မီးခများပေးဆောင်ရပါသည်။
ယခင်မီတာများတပ်ဆင်ထားသော်လည်းဦးကုမာရမှအားလုံးဖြုတ်သိမ်းထားပါ
သည်။
ယခုအခါ၂၀၁၂ ခုနစ်ဧပြီလ ( ၂၀) ရက်နေ့ မှစ၍လျှပ်စစ်မီးခများကိုအောက်ပါ
နှုန်းထားများဖြင့်တိုးမြှင့်ကောက်ခံနေပါသည်။
 ၂ ပေမီးချောင်း          -    ၈၀၀ိ/ -
 ထမင်းပေါင်းအိုး -  ၃၅၀၀ိ/-
 အင်ဗာတာ  - ၂၅၀၀ိ/-
 ပန်ကာ  -၁၅၀၀ိ/-
 တီဗွီ  -၂၀၀၀ိ/-
 အောက်စက် -၁၀၀၀ိ/-
 ရေခဲသေတ္တာ -၆၀၀၀ိ/-
 ရေမော်တာ -၇၀၀၀ိ/-
မီးရသည့်အချိန်တနေ့ ၁၁နာရီအတွက်ထိုသတ်မှတ်နှုန်းမှာတယူနစ်၁၅၀ိ/-နှုန်းဖြစ
်ပါသည်။နေ့ ရောညပါသုံးလျှင်သော်မှထိုမျှလောက်နှုန်းထားများမကျသင့်နိုင်ပါ။လျှပ်စစ်မီးခမပေးဆောင်နိုင်သောအဆောင်များကိုမီးဖြတ်မည်ဟုကျောင်းထိုင်
ဘုန်းကြီးဦးကုမာရမှအစည်းအဝေးခေါ်၍ခြိမ်း ခြောက်ထားသဖြင့်မရှိရှိတာ
ပေါင်နှံပေးနေကြရပါသည်။
ဦးကုမာရမှ၎င်းနှင့်အဆင်မပြေသူများအဆောင်ဆိုလျှင်မီးလုံးဝဖြတ်ပြစ်ပါသည်။
အဆောင်ပေါင်း(၃၀)ခန့် ဖြတ်ခံထားရပါသည်။ ၎င်းအပြင်မလှိုင်မြို့ နယ်လျှပ်စစ်ရုံးမှရွှေပေါ်ကျွန်းသာသနာပြုစခန်းအထိလျှပ်စစ်ကြိုးများသွယ်တန်း
ထားသောသစ်သားမီးတိုင်အဟောင်းများအစားကွန်ကရစ်မီးတိုင်များဖြင့်အစားထိုး
ရန်အတွက်ဆိုပြီးကွန်ကရစ်မီးတိုင်တတိုင်လျှင်ကျပ်တသိန်းငါးသောင်း
(၁၅၀၀၀၀ိ/)ဖြင့်အလှူခံပါသည်။
အနယ်နယ်အရပ်ရပ်မှအလှူရှင်များမှလှူဒါန်းထားသည့်ကွန်ကရစ်မီးတိုင် (၁၂၀)
အတွက်ကျပ်သိန်းတရာ့ရှစ်ဆယ်(၁၈၀,၀၀၀၀၀ိ/-)ကိုရရှိထားသည်မှာကြာမြင့်
ပြီဖြစ်ပါသည်။ ပဓာနဘုန်းကြီးဦးကုမာရမှမီးတိုင်များကိုမ၀ယ်ပဲ၎င်း၏ကိုယ်ကျိုး
အတွက်အလွဲသုံးစားပြုလုပ်ထားပါသည်။
 ထိုသို့ နိုင်ငံတော်မှတရားဝင်ပေးထားသောလျှပ်စစ်မီးကိုလက်နက်သဖွယ်အသုံး
ပြုခြိမ်းခြောက်ပြီး၊လျှပ်စစ်မီးခများမတရားသဖြင့်တောင်းခံပြီးရရှိငွေများကို၎င်း၊ကွန်ကရစ်မီးတိုင်များအတွက်အလှူခံရရှိငွေကျပ်သိန်းတရာ့ ရှစ်ဆယ်ကို၎င်း၊
ဦးကုမာရမှ၎င်းရင်ဆိုင်နေရသောအမှုအခင်းကိစ္စများအတွက်အလွဲသုံးစားပြုနေခြင်းကို
နိုင်ငံတော်သမ္မတကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များသက်ဆိုင်ရာဝန်ကြီးဋ္ဌာနများမှ
သိရှိ၍လိုအပ်သလိုစစ်ဆေးအရေးယူဆောင်ရွက်ပေးပါရန်တင်ပြတိုင်ကြားအပ်ပါသည်။
ထိုသို့ စစ်ဆေးလျှင်သာသနာပြုစခန်းအတွက်အမျိုးမျိုးသောလှူဒါန်းငွေများမှအမျိုး
ဘာသာ၊သာသနာအကျိုးအတွက်မဟုတ်ပဲ၎င်း၏ကိုယ်ရေးကိုယ်တာကိစ္စများအတွက်
အလွဲသုံးစားပြုမှုမြောက်မြားစွာကိုလည်းတွေ့ ရှိလာမည်ဖြစ်ပါသည်။
 မလှိုင်မြို့ နယ်ရွှေပေါ်ကျွန်းသာသနာပြုစခန်းမှဝေနေယျများနှင့်အနယ်နယ်အရပ်ရပ်မှအလှူရှင်များ
Print Friendly and PDFPrintPrint Friendly and PDFPDF
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter
ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )