ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အားယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်၌ ကျင်းပနေသည့် (၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များ အစည်းအဝေး(နေပြည်တော် - မေ ၂၂) |
နေပြည်တော် မေ ၂၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်၌ ကျင်းပနေသည့် (၃၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များ အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ ရဲအဖွဲ့ အကြီးအကဲများ၊ Interpol ရဲအဖွဲ့ အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ် အဖွဲ့များက လာရောက် ဂါရဝပြုတွေ့ဆုံရာ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်ကျော်ကျော် ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြပြီး အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ ရဲအဖွဲ့အကြီးအကဲများ အဖွဲ့တို့ တက်ရောက်ကြသည်ဟု သမ္မတရုံး အင်တာနက် စာမျက်နှာမှာဖော်ပြထားပါသည်။
(သတင်းစဉ်)

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com