မိမိသည် ဥရောပ ဖလား ပြိုင်ပွဲဝင် စပိန် လက်ရွေးစင် အသင်းအတွက် ကြံ့ခိုင်မှု အပြည့်အ၀ ရှိနေစေမည်ဟု ဆက်စ်ဖာဘရီဂက်စ်က ပြောကြားလိုက်သည်။
စပိန် လက်ရွေးစင် ကွင်းလယ်လူသည် ဥရောပ ချန်ပီယံ အသင်း၏ (၂၃)ဦး စာရင်းတွင် ရွေးချယ် ခံထားရသော်လည်း ဒဏ်ရာ အနည်းငယ် ရှိနေခြင်းကြောင့် ပြိုင်ပွဲမတိုင်မီ စပိန်၏ ခြေစမ်း ပွဲများတွင် ပါဝင်နိုင်မည် မဟုတ်ချေ။ မိခင်ကလပ် ဘာစီလိုနာက ဖာဘရီဂက်စ်သည် (၁၀)ရက်မျှ အနား ယူရမည်ဟု ကြေညာထားသည်။ ပရိသတ်များက ဖာဘရီဂက်စ်၏ ဒဏ်ရာ အနေအထား အပေါ် မေးခွန်း ထုတ်နေသော်လည်း ကစားသမား ကိုယ်တိုင်က ဇွန်လ(၁၀)ရက်နေ့၊ အီတလီနှင့် ကစားမည့် အုပ်စုအဖွင့် ပွဲစဉ်အတွက် အသင့် ဖြစ်နေစေမည်ဟု ကတိပြုခဲ့သည်။
ဖာဘရီဂက်စ်က "ကျွန်တော့်ကို အားပေး ထောက်ခံသူ အားလုံးကို ကျေးဇူး တင်ပါတယ်။ ခုချိန်မှာ ကျွန်တော့် ဒဏ်ရာက သက်သာနေပါပြီ။ ဘာနာကျင်မှုမှလည်း မရှိတော့ဘူး။ သိပ်မကြာခင်မှာ လက်ရွေးစင် အသင်းအတွက် (၁၀၀)ရာခိုင်နှုန်း အားစိုက်ပြီး ပြန်ကစားပေးဖို့ အသင့် ရှိနေပါပြီ" ဟု Twitterတွင် ရေးသားခဲ့သည်။ ဖာဘရီဂက်စ်သည် စပိန်ဘောလုံးရာသီ ဒုတိယနှစ်ဝက်တွင် ပုံစံကောင်းရော၊ ကြံ့ခိုင်မှုပါ ပုံမှန်ပြန်ရအောင် ရုန်းကန် နေရသော်လည်း စပိန်နည်းပြ ဗင်းဆင့် ဒဲလ်ဘော့စကေးက ၎င်းအား လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခဲ့သည်။
စပိန်သည် ဥရောပ ဖလား ပြိုင်ပွဲ အုပ်စု(C)တွင် အိုင်ယာလန်၊ ခရိုအေးရှား၊ အီတလီတို့နှင့် အတူ ပါဝင်လျှက် ရှိသည်။
ကျွန်တော့်ကို အားပေး ထောက်ခံသူ အားလုံးကို ကျေးဇူး တင်ပါတယ်။ ခုချိန်မှာ ကျွန်တော့် ဒဏ်ရာက သက်သာနေပါပြီ။ ဘာနာကျင်မှုမှလည်း မရှိတော့ဘူး။ သိပ်မကြာခင်မှာ လက်ရွေးစင် အသင်းအတွက် (၁၀၀)ရာခိုင်နှုန်း အားစိုက်ပြီး ပြန်ကစားပေးဖို့ အသင့် ရှိနေပါပြီ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com