ချယ်လ်ဆီး အနေဖြင့် ယခု ရာသီတွင် ဖလား(၂)လုံး ရရှိရေးကိုသာ အပြည့်အ၀ အာရုံ စိုက်ရတော့မည်ဟု ကွင်းလယ်လူ ဂျွန်အိုဘီ မီခေးလ်က သတိ ပေးလိုက်သည်။
ချယ်လ်ဆီးသည် ပရီးမီးယား လိဂ်တွင် အိမ်ကွင်း၌ နယူးကာဆယ်လ် ယူနိုက်တက်ကို အရေးနိမ့်ခဲ့သည့်နောက် အမှတ်ပေး ဇယား အဆင့်(၄)နေရာ ၀င်ခွင့်ကို မျှော်လင့်ရန် လက်တွေ့ မကျတော့ပေ။ နိုက်ဂျီးရီးယား လက်ရွေးစင် မီခေးလ်က ယခုအခါ မိမိတို့သည် FA ဖလားနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတို့တွင် အနိုင် ရရန်သာ အားတိုက်အင်တိုက် ကြိုးစား ရတော့မည်ဖြစ်ကြောင်း ပြောကြားသွားသည်။ ချယ်လ်ဆီးသည် မေလ(၁၉)ရက်နေ့တွင် ဘိုင်ယန်မြူးနစ်အား ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် အဖြစ် ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုပွဲတွင် အနိုင် ရမှသာ ချယ်လ်ဆီး အနေဖြင့် ချန်ပီယံလိဂ်တွင် (၁၀)နှစ်ဆက် ပါဝင်ခွင့်ကို ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။
မီခေးလ်က “ထိပ်ဆုံး(၄)သင်း စာရင်းဝင်ဖို့ ဆိုတာက မဖြစ်နိုင်တော့ဘူး။ ခုတော့ ကျွန်တော်တို့ဟာ မြူးနစ်မှာ ဘိုင်ယန်နဲ့ ပွဲကို အနိုင် ကစားဖို့ပဲ အာရုံ စိုက်ရပါတော့မယ်။ ချယ်လ်ဆီးရဲ့ ကစားသမားတွေ၊ အသင်းကို အားပေး ထောက်ခံတဲ့ ပရိသတ်တွေ အားလုံး လိုချင်နေတဲ့ အရာအတွက် ကျွန်တော်တို့ ကြိုးစားရလိမ့်မယ်။ ဒါပေမဲ့ လောလောဆယ် ဦးစား ပေးရမှာက စနေနေ့မှာ လီဗာပူးလ်ကို အနိုင်ယူပြီး FA ဖလား ရယူဖို့ ဖြစ်ပါတယ်။ အနီးဆုံး အခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ပါဘူး” ဟု ဆိုသည်။
ထိပ်ဆုံး(၄)သင်း စာရင်းဝင်ဖို့ ဆိုတာက မဖြစ်နိုင်တော့ဘူး။ ခုတော့ ကျွန်တော်တို့ဟာ မြူးနစ်မှာ ဘိုင်ယန်နဲ့ ပွဲကို အနိုင် ကစားဖို့ပဲ အာရုံ စိုက်ရပါတော့မယ်...
၎င်းက နယူးကာဆယ်လ်ကို အိမ်ကွင်းတွင် ရှုံးနိမ့်ခြင်းသည် ဖြစ်သင့် ဖြစ်ထိုက်ကြောင်းလည်း ၀န်ခံသွားသည်။ “ကျွန်တော်တို့ရဲ့ ခြေစွမ်းက ပုံမှန်ထက် နိမ့်ကျခဲ့ပါတယ်။ အဆုံးပိုင်းမှာ ကစားပုံ ကောင်းလာပေမယ့် တစ်ပွဲလုံး အနေအထား အရ ကျွန်တော်တို့ အခွင့်အလမ်းတွေ ကောင်းကောင်း မဖန်တီးနိုင်ခဲ့ဘူး။ ခုချိန်မှာတော့ ကျွန်တော်တို့ ဒီပွဲအကြောင်း မေ့ပြီး ၀င်ဘလေမှာ ကစားမယ့် အနီးဆုံး ဗိုလ်လုပွဲ အကြောင်းပဲ စဉ်းစားပါတော့မယ်”ဟု မီခေးလ်က ပြောဆိုသွားသည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com