အာဆင်နယ် အသင်း မန်နေဂျာ အာစင်ဝင်းဂါးသည် အက်သလက်တီကို ဘီလ်ဘာအို တိုက်စစ်မှူး ဖာနန်ဒို လော်ရန်တေးအား ခေါ်ယူရန် ဆန္ဒ ရှိနေကြောင်း သိရှိရသည်။
အသက်(၂၇)နှစ်ရှိ စပိန်လက်ရွေးစင်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ယူရိုပါလိဂ်နှင့် စပိန်ဘုရင့်ဖလား ပြိုင်ပွဲများ၌ ဗိုလ်လုပွဲ ရောက်ခဲ့သည့် ဘီလ်ဘာအိုတွင် အထူးခြေစွမ်း ပြနိုင်ခဲ့သည်။ အာဆင်နယ်သည် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့သည့် ကစားသမားကို စိတ်ဝင်စားနေသော်လည်း ကစားသမားအတွက် မိခင်ကလပ်၏ ခေါ်ဈေး မြင့်မားနေခြင်း အတွက် အခက် တွေ့နေသည်။ ဘီလ်ဘာအိုက လော်ရန်တေး အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၂၈)သန်း သတ်မှတ်ထားသည်။
ဝင်းဂါးသည် အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီ ထမ်းပိုးထားရသည့် တိုက်စစ်တာဝန်များကို ခွဲဝေယူပေးရန် အတွက် ဂိုးသွင်း တိကျသော ကစားသမားသစ် တစ်ဦးကို ရှာဖွေနေသည်။ လက်ရှိတွင် ဂျာမန်လက်ရွေးစင် လူးကက်စ် ပိုဒေါ့စကီးအား ခေါ်ယူရန် သဘော တူညီမှု ရရှိထားသော်လည်း ဂိုးဧရိယာအတွင်း အင်အားသုံး ကစားနိုင်မည့် ကစားသမားမျိုးကို ၀င်းဂါးက ချိတ်ဆက်နေသည်။ ၎င်းသည် မွန့်ပယ်လီယေး တိုက်စစ်မှူး အိုလီဗာ ဂီရော့ဒ်ကိုလည်း ဆက်သွယ်နေကြောင်း သတင်းများက ဖော်ပြသွားသည်။
လော်ရန်တေးအတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၂၈)သန်း သတ်မှတ်ထား...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com