ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလ တံတားအနီးရှိ သီတာဓာတ်အားခွဲရုံတွင် မေလ ၂ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၉ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိသည်။
''ထရန်စဖော်မာပေါက်ပြီး လောင် တယ်လို့တော့ကြားတယ်။ မီးလောင်တော့ မီးတွေလည်း အကုန်ပျက်ကုန်တယ်။ ဓာတ်အားခွဲရုံထဲက ထရန်စဖော်မာပဲ လောင်တာဖြစ်ပြီး ရပ်ကွက်ထဲတွေ၊ အိမ်တွေကို ကူးစက်တာမျိုး မတွေ့ရပါဘူး။ အဲဒီဓာတ်အားခွဲရုံက မြို့ထဲကိုလည်း လျှပ်စစ်မီးပေးတယ်လို့ သိရပါတယ်''ဟု အဆိုပါ ဓာတ်အားခွဲရုံအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ မီးသတ်ယာဉ်များ လာရောက်ငြှိမ်းသတ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကို လတ်တလောတွင် မသိရှိရသေးကြောင်း သိရှိရသည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com