သို့
ပြည်ထောင်စုဝန်ကြီး
ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးရုံး
နေပြည်တော်
နေ့စွဲ - ၂၂.၅.၂၀၁၂
အကြောင်းအရာ။ ။ အခမဲ့ဆောင်ရွက်ပေးရန်ဟုဆိုသော်လည်း လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန်
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင်(၃၀.၄.၂၀၁၂)ရက်နေ့ကျင်းပပြုလုပ်သော မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်မှုကွန်ရက် ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ချက်အရ (၁.၅.၂၀၁၂)ရက်နေ့မှ စ၍ မိုဘိုင်းဖုန်းကဒ်ပျက်များအား အခမဲ့ဆောင်ရွက်ပေးရန်ဟုဆိုသော်လည်း GSM ကဒ်ပျက်သွား၍ ဆက်သွယ်ရေး မန္တလေးတိုင်း မန်နေဂျာရုံးတွင် စာရွက်စာတမ်းကိစ္စများဆောင်ရွက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ သာယာဝတီမင်းကြီးလမ်းရှိ GSM ကဒ်ထုတ်ပေးသောဌာနတွင် ကဒ်သွားထုတ်ရာ အသစ်လာရောက် ထုတ်ယူသူများထံမှ မည်သည့်အခကြေးငွေမှန်းမသိ ဖြတ်ပိုင်းမပေးပဲ GSMကဒ် တစ်ကဒ်လျှင် ၅၀၀၀ိ/-(ကျပ်ငါးထောင်တိတိ) လာဒ်ငွေ တောင်းခံနေမှုအား အရေးယူပေးပါရန် တင်ပြတိုင်ကြားအပ်ပါသည်။

GSM တယ်လီဖုန်းအသုံးပြုသူများ |
(ဓါတ်ပုံ) ပြည်ကြီးတံခွန်မြို့နယ်၊ သာယာဝတီမင်းကြီးလမ်းရှိ GSM ကဒ်ထုတ်ပေးသောဌာန |
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com