22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 10, 2012

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု ND-Burma အဖွဲ့ သတင်းထုတ်ပြန်

ပြီးခဲ့တဲ့ ၂၀၁၁ မတ်လကနေ ၂၀၁၂ မတ်လအထိ တနှစ်တာ ကာလအတွင်း လက်ရှိအစိုးရနဲ့ အစိုးရကို ထောက်ခံသူတွေက ကျုးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း (၄၁၅) မှု ရှိတယ်လို့ ထိုင်းနယ်စပ် အခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် ND-Burma အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
RFA
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေကို ND-Burma အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါသည်။
အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ လယ်ယာမြေ အသိမ်းဆည်းခံရမှုနဲ့ မိသားစုပိုင် ပစ္စည်းတွေ အဓမ္မ သိမ်းဆည်းခံရမှုပေါင်း ၁၁၄ မှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှုက ၈၅ မှုနဲ့ အဓမ္မ စေခိုင်းမှုပေါင်း ၅၉ မှု ရှိတယ်လို့ ND-Burma အဖွဲ့က ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တရပ် ပေါ်ပေါက်လာတယ် ဆိုပေမယ့် လွတ်လပ်စွာ လုပ်ဆောင်ခွင့် မရသလို၊ အဲဒီကော်မရှင် ရှိတယ်ဆိုတာတောင် တိုင်းရင်းသားဒေသတွေမှာ အသေအချာ မသိကြဘူးလို့ ND-Burma ကွန်ယက် စီမံခန့်ခွဲမှုအဖွဲ့ဝင် မမွန်းနေလီက RFA ကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ လျှော့ကျသွားဖို့ဆိုရင် ဥပဒေစိုးမိုးမှု ရှိဖို့လိုကြောင်းနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေကို လွတ်လပ်စွာ လေ့လာလုပ်ဆောင်ခွင့် ပေးဖို့လိုကြောင်း ND-Burma ကွန်ယက်က တိုက်တွန်းလိုက်ပါတယ်။
ND-Burma ကွန်ယက် စီမံခန့်ခွဲမှု အဖွဲ့ဝင် မမွန်းနေလီကို RFA ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )