22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 12, 2012

ပုသိမ် ဒေသခံအာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့် ၈၈ အဖွဲ့ NLD ရုံးမှာပဲ ဟောပြောခဲ့

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖေါ်ဆောင်ရေး ခရီးစဉ်အဖြစ် ဧရာဝတီတိုင်း ပုသိမ်မြို့ကို ဒီနေ့ သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံ
ဟောပြောခဲ့ပါတယ်။

ဒီနေ့ အစီအစဉ်မှာ ဒေသခံအာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့် ကြိုတင်စီစဉ်ထားတဲ့ မြောင်းမြဘုန်းကြီး ကျောင်းမှာ ဟောပြောခွင့်မရတဲ့ အတွက် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ခေါင်းဆောင်တွေရော
ပြည်သူတွေကပါ ပုသိမ်မြို့နယ် NLD ရုံးကို စီတန်း လမ်းလျှောက်သွားခဲ့ပြီး အဲဒီ NLD ရုံးမှာပဲ ဟောပြောပွဲပြုလုပ်ခဲ့တယ်လို့ ဒီခရီးမှာ လိုက်ပါသွားတဲ့ ကိုထွန်းမြင့်အောင်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ခရီးစဉ် တလျှောက် ကြုံရတာက ပုသိမ်တခုထဲက အဲဒီလို မလုပ်ရဘူးလို့ ဒေသခံ အာဏာပိုင်တွေကနေပြီးတော့ တားတာဆီးတာ လုပ်တယ်ဗျ။
နောက်ဆုံးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုပဲ မြောင်းမြ ဘုန်းကြီးကျောင်း ကနေပြီးတော့ လမ်းလျှောက်ပြီးတော့ ဒီမှာပဲ အားလုံးလုပ်လိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခန်းကလည်း ကျဉ်းကျဉ်းလေး။ ပြည်သူတွေကလည်း အများကြီးပါပဲ။ ပုသိမ်မြို့ခံတွေ
ကရော ရွာတွေကပါ တက်လာပြီးတော့လေ သူတို့ရဲ့ အခက်အခဲတွေ အထူးသဖြင့် လယ်ယာ ပြဿနာတွေ ဧည့်စာရင်း ပြဿနာတွေ အဲဒါတွေ ပြောကြတယ်။"

တဆက်တည်းမှာပဲ ချောင်းသာနဲ့ ငွေဆောင်က လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ အခက်အခဲတွေကို
လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ လူထုတွေ တိုက်ရိုက်ပါဝင် ပတ်သက်တဲ့ ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်း ဖြစ်လာဖို့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖေါ်ဆောင်ရေးဆိုတဲ့ လှုပ်ရှားမှုကို တောက်လျှောက်
ဆောင်ရွက်နေရာမှာ အခုဆိုရင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း ဒေသတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

(ဓာတ်ပုံကို Golden Pathein Facebook မှ ရယူဖော်ပြပါသည်။
"www.facebook.com/goldenpathein"
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အလေးပြုရန် ရောက်ရှိလာစဉ်)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )