ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သြစတြေးလျနိုင်ငံကို ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် သုံးဦးဟာ နိုင်ငံရေးမူဝါဒဆိုင်ရာဘာသာရပ်တွေကို ရက်တိုသင်တန်းအဖြစ် ဆစ်ဒနီ တက္ကသိုလ်တစ်ခုမှာ တက်ရောက်လေ့လာနေကြကြောင်း
လေ့လာရေးခရီးစဉ်မှာပါဝင်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က အာအက်အေ ကို ပြောပါတယ်။
ဒေါ်စန္ဒာမင်းနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဦးဇေယျသော်တို့ လည်း ဒီခရီးစဉ်မှာလိုက်ပါလာပြီး သီတင်းပတ် တစ်ပတ်ကျော် ကြာမြင့်မယ်လို့ဆိုပါတယ်။
ဒီလေ့လာရေးခရီးစဉ်ကို သြစတြေးလျ လေဘာပါတီက ဖိတ်ကြား
ဆောင်ရွက်ပေးခဲ့တာပါ။
အခုခရီးစဉ်ဟာ NLDလွှတ်တော်ကိုယ်စားလှယ်တွေ အတွက် ပထမဆုံးအကြိမ် ပြည်ပ သင်တန်း တွေကို တရားဝင် တက်ရောက်လေ့လာတာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံရဲ့ လွှတ်တော်ကို သွားရောက်လေ့လာမှာ ဖြစ်သလို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
လာမယ့်စနေနေ့မှာတော့ သြစတြေးလျရောက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ ဆန်ဒနီမြို့မှာ
တွေ့ဆုံဆွေးနွေးပွဲ စီစဉ်ထားတယ်လို့ ဒေါ်စန္ဒာမင်းက
ပြောပါတယ်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com