ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA)မှ ပေးအပ် ချီးမြှင့်မည့် ဂုဏ်ပြုဆု တစ်ခုကို ဒေးဗစ်ဘက်ဟမ်း အနေဖြင့် လက်ခံ ရယူ သွားမည်ဟု သိရှိရသည်။
အင်္ဂလန် ဘောလုံးလောက အတွက် ၎င်း၏ ကြိုးပမ်း ဆောင်ရွက်ပေးမှုများကြောင့် UEFAက အသိအမှတ်ပြုကာ ဆုဖလား တစ်ခုနှင့် ဆုတံဆိပ် တစ်ခုတို့ကို အသက်(၃၇)နှစ်ရှိ လော့စ်အန်ဂျလိစ် ဂလက်စီ ကွင်းလယ် ကစားသမားအား ချီးမြှင့်သွားမည် ဖြစ်သည်။ အင်္ဂလန် လက်ရွေးစင် အသင်း ခေါင်းဆောင်ဟောင်း ဘက်ဟမ်းသည် အင်္ဂလန်နှင့် ဘယ်လ်ဂျီယံတို့ ကစားမည့် ခြေစမ်းပွဲ ပထမပိုင်း အပြီးတွင် ဆုလက်ခံမည် ဖြစ်သည်။ UEFAသည် အဆိုပါ ဂုဏ်ပြုဆုကို ဘက်ဟမ်းအပြင် ဆာဘော်ဘီချာလ်တန်နှင့် ပီတာရှီလ်တန်တို့အားလည်း ပေးအပ်သွားမည် ဖြစ်သည်။

UEFA မှ ဆုချီးမြှင့်ခံရသည့် ဘက်ဟမ်း
အင်္ဂလန် အသင်းအတွက် ပွဲပေါင်း (၁၀၀)ကျော် ကစားပေးပြီးဖြစ်သည့် ဘက်ဟမ်းအား UEFAက ဇွန်လ (၂)ရက်နေ့တွင် ယခုလို ဂုဏ်ပြုမည် ဖြစ်သည်။ အင်္ဂလန် FAဥက္ကဋ္ဌ ဒေးဗစ် ဘန်စတိန်းက ကွယ်လွန်ရှာပြီဖြစ်သော ဘော်ဘီမိုးနှင့် ဘီလီရိုက်တို့အတွက် ဆုများကိုလည်း မိသားစုဝင်များထံ အမှတ်တရ ပေးအပ်မည်ဟု ဆိုသည်။ ဘက်ဟမ်းသည် အင်္ဂလန် အသင်းအတွက် ပွဲပေါင်း (၁၁၅)ပွဲ ကစားကာ (၁၇)ဂိုး သွင်းယူပေးခဲ့သည်။ ၎င်းသည် (၂၀၀၉)ခုနှစ် နောက်ပိုင်းတွင် ခြင်္သေ့သုံးကောင် တံဆိပ်ပါ လက်ရွေးစင် ဂျာစီကို နောက်ထပ် ဆင်မြန်းခွင့် မရတော့ပေ။ သို့သော်လည်း ဘက်ဟမ်းသည် လာမည့် လန်ဒန် အိုလံပစ် ပြိုင်ပွဲတွင် ဗြိတိန် လက်ရွေးစင် ညွန့်ပေါင်းအသင်း၌ ပါဝင် ကစားနိုင်ရန် မျှော်လင့်နေဆဲဟု သိရှိရသည်။
Ref: Goal
ဘက်ဟမ်းသည် အင်္ဂလန် အသင်းအတွက် ပွဲပေါင်း (၁၁၅)ပွဲ ကစားကာ (၁၇)ဂိုး သွင်းယူပေးခဲ့...



8:56 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com