တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများ၏ တစ်နေ့ လုပ်အားခ ကို ထိုင်းနိုင်ငံသားများ နည်းတူနှင့် ဘတ် ၃၀ ဖြင့် ဆေးကုသခွင့် အခွင့်အရေး များပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် ချလုံယူဘမ် ပရုန်း က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်မေလ ၃၁ ရက်ကတွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင်း အလုပ် လုပ်ကိုင်လျှက်ရှိသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများ အတွက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ ထိုင်နိုင်ငံသားများနည်းတူ လုပ်ခလစာ တစ်နေ့လျှင် ဘတ်၃၀၀ ရရှိရန်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင် ထားသည့် မြန်မာရွေ့ပြောင်းလုပ်သား ၈သိန်းကျော်ရှိပြီး မှတ်ပုံ မတင်ရသေး သည့် လုပ်သား ၁ သန်းကျော်ရှိကြောင်း အများစု၏ အခြေခံလုပ်ခလစာမှာ တစ်နေ့ ဘတ် ၆၀ မှ ၁၅၀ ကြားဖြစ်ကြောင်း သိရသည်။
Popular Myanmar News Journal
Popular Myanmar News Journal



5:22 PM
Admin

Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com