မေလ (၂၉)ရက်နေ့က World Economic Forum on East Asia အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာပါတယ်..။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုနေထိုင်ရာ မဟာချိုင်သို့ သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများ အရေးအတွက် ထိုင်း ဒုဝန်ကြီးချုပ်၊ ထိုင်း အလုပ်သမားရေးရာ ဝန်ကြီးဋ္ဌာန ဒုဝန်ကြီးများနဲ့ တွေ့ဆုံခဲ့သလို ထိုင်းမြန်မာ နယ်စပ် မယ်လဒုက္ခသည် စခန်းသို့လည်း သွားရောက်ခဲ့ပါတယ်..။ World Economic Forum၌ မိန့်ခွန်း ပြောကြားခဲ့ပြီး၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်..။
World Economic Forumမှ ဖိတ်ကြားချက်ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံမှ ဖိတ်ကြားထားတဲ့ နိုင်ငံတော်အဆင့် အစိုးရ ဧည့်သည်တော် မဟုတ်တဲ့ အတွက် လိုတာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာအစိုးရမှ ထိုင်းနိုင်ငံရှိ... မြန်မာသံရုံးမှ တဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့ကြောင်း သတင်း ထွက်ပေါ်ခဲ့ပါတယ်....။
ထိုင်းနိုင်ငံသို့ခရီးစဉ်အတွင်း ကူညီစောင့်ရှောက် ဧည့်ဝတ်ကျေပွန်ခဲ့ကြသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ ထိုင်းနိုင်ငံသူ နိုင်ငံသားများ၊ ထိုင်းအစိုးရ တာဝန်ရှိသူများ၊ အထူးသဖြင့် လုံခြုံရေးကို အထူးကြပ်မတ် တာဝန်ယူပေးခဲ့ကြသော ထိုင်းလုံခြုံရေး အဖွဲ့ဝင်များအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လေးစားချစ်ခင်ကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများ ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း...။



6:03 PM
Admin



Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com