|  | 
| ဓာတ်ပုံ - အောင်သူရ 7Day News Journal | 
 ရန်ကုန် ၊ဇွန်-၂၈
တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ က ဆောက်လုပ်နေသော မုဒိတာ (၂)တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ ထောင်ဂဏန်းခန့်ရှိသော လုပ်သားများသည် နှစ်ရက်စာလုပ်ခ လစာမရသဖြင့် ဇွန်လ ၂၈ ရက် နံနက် ၈ နာရီမှစ၍ ဆန္ဒပြနေကြသည်။
“နှစ်ရက်ကို နားလိုက်ပါ (တ နင်္လာ၊ အင်္ဂါ) ဗုဒ္ဓဟူးနေ့ကျရင် ပြန်ဆင်း သုံးရက်ခကို အပြည့်ပေးမယ်လို့ ပြောတယ်။ ဆင်းတဲ့အခါကျတော့ နှစ်ရက်ခလည်း မပေးတဲ့အတွက် ဆန္ဒပြကြတယ်”ဟု အဆိုပါစီမံကိန်းတွင် လက်သမားတစ်ဦးဖြစ်သူ ကိုမောင်မောင်ထွန်းက ပြောသည်။
ထို့ကြောင့် အလုပ်သမားများသည် ယနေ့နံနက်မှစ၍ ဆန္ဒပြခဲ့ပြီး ဆနပြအလုပ်သမားထဲမှ ခေါင်းဆောင် ၁၃ ဦးအား ယနေ့နံနက် ၁၀ နာရီခန့်တွင် တော်ဝင်ဆောက်လုပ်ရေးက ညှိနှိုင်းခဲ့ကြသည်။
ထိုသို့ ညှိနှိုင်းရာတွင် လုပ် သားအားလုံးကို အလုပ်ပြန်ခန့်မည်ဖြစ်ပြီး နှစ်ရက်စာလုပ်အားခကို ပြန်ပေးမည်ဖြစ်ကာ အပြစ်ရှိသူကိုဖြုတ်၍ လုပ်သားများကို သင်တန်းပေးမည်ဟု ကုမ္ပဏီဘက်မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
သို့သော် အလုပ်သမားအ များစုမှာ ထိုပြောကြားမှုကို မယုံ ကြည်ဘဲ နစ်နာကြေးရရန်သာ တောင်းဆိုနေကြပြီး အလုပ်သမား ခေါင်းဆောင် ၁၃ ဦးနှင့် ဒုတိယအကြိမ် ထပ်မံညှိနှိုင်းနေကြသည်။
7Day News Journal

 11:00 AM
11:00 AM
 Admin
Admin
 
 Posted in:
 Posted in:  

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com