အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ဗွေဆော်ဦး ဂိုးကို စတင် ရရှိခဲ့သည့်နောက် ယင်းအတွက် အလွန်ကျေနပ် ဂုဏ်ယူမိကြောင်း ဒန်နီဝဲလ်ဘက်က ပြောကြားခဲ့သည်။
အသက်(၂၁)နှစ် အရွယ်ရှိ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသည် ဘယ်လ်ဂျီယံအား ၀င်ဘလေတွင် အနိုင်ရသော ပွဲတွင် အင်္ဂလန်၏ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ သွားခဲ့သည်။ ထို့ကြောင့် ၀ဲလ်ဘက်သည် (၂၀၀၈)ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်း အင်္ဂလန်၏ အသက် အငယ်ဆုံး ဂိုးသွင်းသူလည်း ဖြစ်လာသည်။ ၀ဲလ်ဘက်က "ကျွန်တော့် ဘ၀ရဲ့ အခမ်းနားဆုံး အချိန်တစ်ခု ဖြစ်ခဲ့ပါတယ်။ အင်္ဂလန် အတွက် ကျွန်တော် ပထမဆုံး ဂိုးသွင်းဖူးပြီ။ ကျွန်တော် ပျော်မိတယ်။ ပြီးတော့ အတိုင်းမသိ ဂုဏ်ယူမိပါတယ်" ဟု ပြောကြားခဲ့သည်။
၎င်းက "လောလောဆယ်တော့ ကျွန်တော့် ခြေစွမ်းကို ပိုကောင်းလာအောင် ကြိုးစား တည်ဆောက်နေမှာပါ။ ကျွန်တော် ရည်ရွယ် ထားတာက အင်္ဂလန် အတွက် ပွဲများများ ဆက်ကစားဖို့၊ ပြီးတော့ သွင်းဂိုးတွေ နောက်ထပ် ပိုရလာဖို့ပါပဲ"ဟုလည်း ဖွင့်ဟ သွားသည်။ မန်နေဂျာ ရွိုင်ဟော့ဂ်ဆန် အနေဖြင့် ဥရောပဖလား အုပ်စုအဖွင့် (၂)ပွဲတွင် ၀ိန်းရွန်နီ မပါဝင်နိုင်သဖြင့် ခေါင်းခဲ နေရသော တိုက်စစ်နေရာ အတွက် မန်ယူအတွဲ ဖြစ်သော ၀ဲလ်ဘက်နှင့် အက်ရှ်လေယန်းတို့၏ ခြေစွမ်းကြောင့် အသက် ရှူချောင်စရာ ဖြစ်လာသည်။
ကျွန်တော့် ဘ၀ရဲ့ အခမ်းနားဆုံး အချိန်တစ်ခု ဖြစ်ခဲ့ပါတယ်။ အင်္ဂလန် အတွက် ကျွန်တော် ပထမဆုံး ဂိုးသွင်းဖူးပြီ။ ကျွန်တော် ပျော်မိတယ်။ ပြီးတော့ အတိုင်းမသိ ဂုဏ်ယူမိပါတယ်...
ဝဲလ်ဘက်က မန်ယူတွင် တွဲကစားနေကျ ရွန်နီနှင့် အတူ အင်္ဂလန်တွင် ပြန်လည် ပေါင်းစည်းလိုကြောင်း ဖွင့်ဟခဲ့သော်လည်း အတွေ့အကြုံချင်း တူညီမည် မထင်ဟု မှတ်ချက် ပြုသွားသည်။ "တွဲကစားဖူးတယ် ဆိုပေမယ့် မတူညီတဲ့ အသင်းတွေမှာ ဆိုရင် ကွဲပြားတဲ့ အခြေအနေမျိုး ဖြစ်နိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ရွန်နီနဲ့ အတူ အင်္ဂလန် တိုက်စစ်မှာ တွဲကစားဖို့ အများကြီး မျှော်လင့် ထားမိပါတယ်" ဟု ၀ဲလ်ဘက်က ပြောဆို သွားခဲ့သည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com