ဆွမ်ဆီး အသင်းမှ ပြောင်းရွှေ့ကာ လီဗာပူးလ် အသင်း၏ မန်နေဂျာ ရာထူးကို လက်ခံ ရယူလိုက်ပြီးနောက် ဘရန်ဒန် ရော့ဂျာက လီဗာပူးလ် ကဲ့သို့ သမိုင်းကြောင်း ခန့်ထည်သော အသင်းမျိုးကို မိမိ မည်သို့မျှ မငြင်းပယ်နိုင်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားလိုက်သည်။
ရော့ဂျာသည် ယခုအခါ လီဗာပူးလ် အသင်း၏ မန်နေဂျာသစ် အနေဖြင့် ပရိသတ်များအား တရားဝင် မိတ်ဆက်ခွင့် ရခဲ့ပြီ ဖြစ်သည်။ ၎င်းသည် လီဗာပူးလ်ကဲ့သို့ ဘောလုံး လောကတွင် မင်းဆက် တစ်ခုသဖွယ် ကြီးစိုးခဲ့သည့် ခေတ်တစ်ခုကို ထူထောင်ဖူးသော အသင်းမျိုးအား ဦးဆောင်ခွင့် ရသည့်အတွက် အလွန်ပီတိ ဖြစ်မိကြောင်းလည်း ဆိုသည်။ မြောက်အိုင်ယာလန် နိုင်ငံသား ရော့ဂျာသည် သောကြာနေ့က လီဗာပူးလ် အသင်းအား ရာသီသစ်တွင် ဦးဆောင်မည့် မန်နေဂျာသစ် အဖြစ် တရားဝင် ရာထူး ခန့်အပ်မှု ခံခဲ့ရသည်။

လီဗာပူးလ် မန်နေဂျာသစ် ရော့ဂျာ
ရော့ဂျာက "ကျွန်တော် ဆွမ်ဆီးကို စွန့်ခွာမယ် ဆိုတာဟာ အရမ်းကြီးမားတဲ့ အသင်းတစ်သင်းအတွက်ပဲ ဖြစ်ရပါမယ်။ ကျွန်တော့်အတွက် ခုဆုံးဖြတ်ချက်ဟာ အရမ်းအရမ်း ခက်ခဲခဲ့တာ အမှန်ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် အနာဂတ် ရည်မှန်းချက်က ဆွမ်ဆီးမှာ အကြာကြီး ဆက်နေဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် ပတ်ဝန်းကျင်က တခြားကလပ်အသင်း အားလုံးထက် ကြီးကျယ် ခမ်းနားတဲ့ အသင်း တစ်သင်းကို ကိုင်တွယ်ခွင့် ရလာတယ် ဆိုတာဟာ အခွင့်ကောင်း တစ်ခုပါ။ လီဗာပူးလ်ဟာ ဘောလုံးမှာ မင်းဆက် တစ်ခုလို ကြီးစိုးဖူးတဲ့ အသင်းတစ်ခု ဖြစ်ပါတယ်။ ဒီအသင်းဟာ (၅)ကြိမ်တိုင်တိုင် ဥရောပ ချန်ပီယံ ဖြစ်ဖူးပြီး အေစီမီလန်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့လို အဆင့်မျိုးမှာ ရှိနေပါတယ်" ဟု ပြောဆို သွားခဲ့သည်။ လီဗာပူးလ်သည် (၁၉၇၀)နှင့် (၁၉၈၀)ပြည့်လွန် နှစ်များအတွင်း အထူး အောင်မြင်ခဲ့ဖူးသည်။
လီဗာပူးလ်ဟာ ဘောလုံးမှာ မင်းဆက် တစ်ခုလို ကြီးစိုးဖူးတဲ့ အသင်းတစ်ခု ဖြစ်ပါတယ်။ ဒီအသင်းဟာ (၅)ကြိမ်တိုင်တိုင် ဥရောပ ချန်ပီယံ ဖြစ်ဖူးပြီး အေစီမီလန်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့လို အဆင့်မျိုးမှာ ရှိနေပါတယ်...
ရော့ဂျာသည် ကလပ်အသင်း နှစ်ခုကြား သဘော တူညီချက် အရ တစ်နှစ်အတွင်း မည်သည့် ဆွမ်ဆီး ကစားသမားကိုမျှ လက်မှတ်ထိုး ခေါ်ယူနိုင်မည် မဟုတ်ဟုလည်း သိရသည်။ အစောပိုင်းက ရော့ဂျာသည် ဆွမ်ဆီးက အငှားခေါ်ယူထားသည့် ဂိုင်ဖီလ် ဆီဂါ့ဒ်ဆန်နှင့် လူငယ်ကစားသမား ဂျိုးအလန်တို့ကို အန်းဖီးလ်သို့ ခေါ်ယူသွားမည်ဟု သတင်းထွက်ခဲ့သော်လည်း လက်တွေ့တွင်မူ ဖြစ်နိုင်ဖွယ် မရှိဟု သိရှိရသည်။
Ref: Daily Mail



6:11 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com