ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဒေသအာဏာပိုင်များ အနေဖြင့် ညမထွက်ရအမိန့် ကြေညာမှုကို ရုပ်သိမ်းလိုက်ပါက ဆူပူမှုများ ပြန်လည်ဖြစ်ပေါ်လာမည်ကို စစ်တွေဒေသခံများ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
“အခုအခြေအနေ တည်ငြိမ်နေတယ်ဆိုတာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားလို့ပါ။ အခြေအနေတွေ သေချာမတည်ငြိမ်သေးဘဲ ညမထွက်ရအမိန့်ကို ရုပ်သိမ်း လိုက်ရင် ဆူပူမီးရှို့မှုတွေပြန်ပြီးဖြစ်လာနိုင်တယ်” ဟု စစ်တွေမြို့မှ ဒေသခံရခိုင်တိုင်းရင်းသားတစ်ဦးက 7Day News သို့ပြောသည်။
ဇွန်လ ၁၁ ရက်မှ စတင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ကြေညာခဲ့သော်လည်း ဇွန်လ ၂၄ ရက်အထိ မီးလောင်၊ မီးလန့်မှုများရှိနေသေးသည်။
“မနေ့က ဇွန်လ ၂၄ ရက်ညပိုင်းကလည်း မီးလောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဇွန်လ ၂၀ နဲ့ ၂၁ ရက် ညတွေမှာလည်း မီးလောင်မှုတွေ ဖြစ်သေးတယ်။ မီးလောင်မှုအများစုက ည ၆ နာရီနောက်ပိုင်းမှာ လောင်တာများတယ်။ ကိုယ့်အိမ်ကိုယ်မီးရှို့ပြီး ထွက်ပြေးကြတာလို့ ယူဆရတယ်”ဟု စစ်တွေမြို့ အမှတ်-၁ ရဲစခန်းမှ ရဲအရာရှိတစ် ဦးကပြောသည်။
by 7Day News Journal
![]() | |||
စစ်တွေမြို့၊ ကမ်းနားလမ်းတွင် ပင်လယ်ပြင်ဖက်သို့ လှည့်ကာ လုံခြုံရေးယူထားသည့် လုံထိန်းတပ်ဖွဲ့ဝင် များကို ဇွန်လ ၁၇ ရက်ည ၁၀ နာရီခန့်က တွေ့ရစဉ်။ ဓာတ်ပုံ- ဥက္ကာကိုကို



6:46 PM
Admin

Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com