ဆီးရီးယားနိုင်ငံ၊ ဟူလာမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပါဝင် ရာနဲ့ချီတဲ့ လူတွေကိုသတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖော်ထုတ်စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က တောင်းဆိုလိုက်ပါတယ်။
တချိန်တည်းမှာပဲ ဆီးရီးယားနိုင်ငံမှာ သောကြာနေ့က အရပ်သား ၁၂ ဦး ထပ်မံသတ်ဖြတ်ခံခဲ့ရကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။
စုံစမ်းဖော်ထုတ်ပေးရေးကိစ္စကို ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပတဲ့ အရေးပေါ် အစည်းအဝေးမှာ ကော်မရှင်ဥက္ကဋ္ဌ နာဗီပီလေးက တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုဖြစ်ပြီး ဒီအမှုနဲ့ တခြားကျူးလွန်တဲ့ အမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် လိုအပ်ချက်မှန်သမျှကို အကူညီပေးဖို့ ဆီးရီးယားအစိုးရမှာ တာဝန် ရှိတယ်လို့ မစ္စနာဗီပီလေးက ပြောဆိုပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ အမေရိကန်ပြည်ထောင်စု၊ တူရကီနဲ့ ကာတာနိုင်ငံတွေကနေ အခုလို လူအများအပြားကို သတ်ဖြတ်ခဲ့တဲ့ကိစ္စအပေါ် ပြစ်တင်ဝေဖန်တင်သွင်းတဲ့ ဆုံးဖြတ်ချက်အပေါ် အခြေအတင် ဆွေးနွေးခဲ့ကြတာပါ။
ဒီအတောအတွင်း ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဟုမ်းစ် ခရိုင်အတွင်းမှာရှိတဲ့ ကွာဆာရာ မြို့မှာ အရပ်သား ၁၂ ယောက်ကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ သေနတ်သမား က ပစ်သတ်သွားကြောင်း ပြောပါတယ်။

6:47 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com