"အင်္ဂလန်နှင့် စင်္ကာပူ နိုင်ငံရှိ ကျောင်းများမှ ပေးအပ်မည့် ပညာသင် ထောက်ပံကြေးကို Summit Parkview တွင်ကျင်းပ ပြုလုပ်မည့် နိုင်ငံတကာ ပညာရေးပြပွဲတွင်လာရောက် လျှောက်ထားနိုင်"
အင်္ဂလန်နံပါတ်ထိပ်တန်းတက္ကသိုလ်ြ ကီးများဖြစ်သော University of Leicester နှင့် National Teaching Fellowship (၈)ဆု ရရှိထားသော Lancaster University တို့တွင် Business and Management Studies နှင့် Economics and Management ဘာသာရပ်များကို International Foundation Year တက်ရောက်မည့် ကျောင်းသားကျောင်းသူများအတွက် အမေရိကန်ဒေါ်လာ ၆,၀၀၀ခန့် တန်ကြေးရှိ ပညာသင် ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်ကြောင်း နှင့် MBA လျှောက်ထားမည့်သူများအတွက် Murdoch University မှ ပေးအပ်မည့် ပညာသင်ထောက့်ပံ့ကြေး စင်္ကာပူဒေါ်လာ (၃၀၀၀) ကို June 30, 2012 (စနေနေ့)၊ Summit Parkview Hotel တွင်ကျင်းပပြုလုပ်မည့် နိုင်ငံတကာပညာရေးပြပွဲတွင် လာရောက်လျှောက်ထားနိုင်မည်ဖြစ် ကြောင်း CROWN Education မှ တာဝန်ရှိသူတစ်ဦးမှပြောကြားသည်၊ ၊
တက္ကသိုလ်သို့ တိုက်ရိုက်ဝင်ခွင့်မရရှိသူများ အတွက် LANCASTER University နှင့် University of Leicester တွင် International Foundation Yearတက်ရောက်နိုင်ပြီး၊ အဆိုပါ International Foundation Year တွင် Term သုံးခုသင်ကြားရမည်ဖြစ်ကာ (Academic Study, English Language Trainingနှင့် Study Skills) များကိုလေ့လာသင်ယူရမည်ဖြစ်သဖြင့်  မြန်မာနိုင်ငံမှကျောင်းသူ ကျောင်းသား GCE, iGCSE များကိုထပ်မံဖြေဆိုရန် မလိုအပ်ပဲ၊ (၁၀)တန်းအောင်မြင်ကြောင်းလက်မှတ်၊ IELTS ရမှတ်များနှင့်တစ်ကွ အဆိုပါတက္ကသိုလ်များတွင် International Foundation Year မှစတင်လျောက် ထားနိုင်ပါသည်၊၊
အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်ကြီးများသို့လျှောက်ထား ရာတွင် (၁၀)တန်းအောင်မြင်ပြီးကျောင်းသားကျောင်းသူများအနေဖြင့် College များမှ တစ်ဆင့် (သို့မဟုတ်) Foundation များကို သီးသန့်တက်ရောက်ရလေ့ရှိပြီး၊ ယခုအခါ International Foundation Year အဖြစ် တက္ကသိုလ်ဝင်းအတွင်းတွင်ပင် လေ့လာသင်ကြား၇မည်ဖြစ်ကာ တက္ကသိုလ်ဝင်ခွင့် (Conditional Offer Letter) ပါရရှိမည်ဖြစ်ပါသည်၊၊
စီးပွားရေးနှင့် စီမံခန့် ခွဲ့ မှု မဟာ ဘာသာရပ်ကို လေ့လာလိုသူ မြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသားများအတွက် သြစတြေးလျနိုင်ငံ Murdoch University မှ Murdoch MBA Scholarship ကိုပေးအပ်မည်ဖြစ် ကြောင်း အဆိုပါ Scholarship ကိုလျှောက်ထားပေးမည့် CROWN Educationမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်၊ ၊
၁၉၇၃ ခုနှစ်တွင် စတင်တည်ထောက်ခဲ့သော Murdoch University သည် Plant Disease Control, Clean Air, Waste Treatment and Environmental Technology စသည့် အကျိုးပြု သုတေသနပြု လုပ်ငန်းများဖြင့် နာမည်ကျော်ကြားပြီး၊ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများလေ့လာ ယခု ပေးအပ်မည့် Partial MBA Scholarship ကို စင်္ကာပူနိုင်ငံ Kaplan Higher Education Academy တွင် လေ့လာ သင်ယူရမည် ဖြစ်ပြီး၊ စာသင်ချိန်တစ်နှစ် ကြာမြင့်မည့် အဆိုပါ Murdoch MBA ကို လျောက်ထားသူ သတ်မှတ် အရည် အချင်းပြည့်မှီသူ ကျောင်းသား ကျောင်းသူများကို ၀င်ခွင့်စာမေးပွဲသီးသန့် ဖြေဆိုစရာမလိုပဲ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်၊၊
ထို့ အပြင် စင်္ကာပူနိုင်ငံရှိ PSB တွင်တက်ရောက်၍ Manchester Metropolitan University မှပေးအပ်မည့် (1) Bachelor of Arts (Honours) Accounting and Finance (2) Bachelor of Arts (Honours) Business Management နှင့် (3) Bachelor of Arts (Honours) International Business ဆိုပါဘွဲ့ များကို ယခုစက်တင်ဘာ Intake အတွက် ပညာရေးပြပွဲတွင်လျှောက်ထားသူများအတွက် S$ 1000 CASH BOUCHER နှင့် iPAD များပေးအပ်ချီးမြင့်သွားမည်ဖြစ် ကြောင်းသိရသည်၊၊
ပညာရေးပြပွဲတက်ရောက်လိုသူများ၊ ကျောင်းလျှောက်ထားလိုသူများနှင့်  အသေးစိတ်သိရှိလိုသူများ CROWN Education ရုံးချုပ် Summit Parkview Hotel ၊ အခန်း (၂၂၈-၂၂၉) ဖုန်းနံပါတ် - ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ နှင့် CROWN Education မြေနီကုန်းရုံးခွဲ၊ အမှတ် (၂၇၂)၊ (၄)လွှာ ၊ အခန်းအမှတ် (၄၀၄) ၊ ပြည်လမ်း၊ ဓနလှိုင်တာဝါ (မြေနီကုန်း KBZ Bank အပေါ်ထပ်) ဖုန်း - ၅၂၃ ၈၃၂ နှင့် ၅၂၃ ၈၃၂ တို့တွင် ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါ သည်၊၊
Source:
Warmest regards,
Aung Kyaw San@James | MD cum Chief Consultant |
..............................
TEL: +95-1 211 888 - EXT: 229 | MOBILE: +95-9 732 732 77 : SKYPE: crownedu
..............................
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com