ဘိုင်ယန်မြူးနစ်သို့ အီဒင်ဂျက်ကို ပြောင်းရွှေ့ကစားရေး မျှော်လင့်ချက်သည် မာရီယို မန်ဇူကစ်ကြောင့် မှေးမှိန် လာနေပြီ ဖြစ်သည်။
ဘိုင်ယန်သည် အစောပိုင်းက မန်ချက်စတာ စီးတီး အသင်း၏ ဘော့စ်နီးယား လက်ရွေးစင် ဂျက်ကိုအား အလေးအနက် စိတ်ဝင်စား ခဲ့သော်လည်း ယခုအခါတွင် ၀ုလ်ဖ်ဘာ့ဂ် တိုက်စစ်မှူး မန်ဇူကစ် အပေါ် အာရုံ ပြောင်းလာသည်။ မန်ဇူကစ်သည် ဥရောပ ဖလားတွင် အုပ်စုအဆင့်မှ ထွက်ခွာ ခဲ့ရသည့် ခရိုအေးရှား လက်ရွေးစင် အသင်းအတွက် (၃)ပွဲ ကစားပြီး (၃)ဂိုး သွင်းယူခဲ့သည်။ ဘိုင်ယန်မှ အိုင်ဗီကာအိုလစ်သည် ၀ုလ်ဖ်ဘာ့ဂ်သို့ ယခုနွေရာသီတွင် ပြောင်းရွှေ့ခဲ့သည့်နောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် အသင်းကြီးသည် မာရီယိုဂိုမက်ဇ်အား ဖိအားပေး ယှဉ်ပြိုင်မည့် နောက်ထပ် တိုက်စစ်မှူး တစ်ဦးကို ရှာဖွေ လာခဲ့သည်။
ဂျက်ကိုသည် ဂျာမနီတွင် အောင်မြင်မှုများ ရရှိဖူးသူ ဖြစ်ကာ ၀ုလ်ဖ်ဘာ့ဂ်ကို ဘွန်းဒစ်လီဂါ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ဖူးသည်။ ယခုအခါ ဂျက်ကိုသည် မန်စီးတီးမှ ထွက်ခွာရန် စီစဉ်နေပြီ ဖြစ်သော်လည်း ၎င်း၏ လားရာသည် ဘိုင်ယန်ဖြစ်ရန် အလားအလာ နည်းသွားပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ပေါင်စတာလင် (၇)သန်း ပေါက်ဈေး သတ်မှတ်ထားသော မန်ဇူကစ်ကို အဲဗာတန်ကလည်း စိတ်ဝင်စားနေသည်။ အဲဗာတန်သည် မန်ဇူကစ်၏ ခရိုအေးရှား လက်ရွေးစင် အသင်းဖော် နီကီကာ ဂျီလာဗစ်အား ပြီးခဲ့သည့် ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလကတည်းက ခေါ်ယူထားပြီး ဖြစ်သည်။
ဘိုင်ယန်သည် အစောပိုင်းက မန်ချက်စတာ စီးတီး အသင်း၏ ဘော့စ်နီးယား လက်ရွေးစင် ဂျက်ကိုအား အလေးအနက် စိတ်ဝင်စားခဲ့သော်လည်း ယခုအခါတွင် ၀ုလ်ဖ်ဘာ့ဂ် တိုက်စစ်မှူး မန်ဇူကစ် အပေါ် အာရုံ ပြောင်းလာ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com