ဒီဒီရာ ဒရော့ဂ်ဘာ၏ ကိုယ်စားလှယ်က မိမိ၏ ကစားသမား ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့နိုင်ကြောင်း ကောလဟာလ သတင်းများ အားလုံးကို ငြင်းဆန် သွားခဲ့သည်။
အသက်(၃၄)နှစ် အရွယ်ရှိ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်းသည် တရုတ်ကလပ် ရှန်ဟိုင်းဆင်ဟွာသို့ ပြောင်းရွှေ့ရန် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက သဘော တူညီမှု ရရှိခဲ့သည်။ သို့သော်လည်း သတင်းဌာန အချို့က စပိန်ထိပ်သီး ကလပ် အသင်းသည် အိုင်ဗရီကို့စ် လက်ရွေးစင် ကစားသမားအား စိတ်ဝင်စား လာသဖြင့် ဒရော့ဂ်ဘာကလည်း တရုတ်မြေသို့ ဦးတည်နေရာမှ ဥရောပသို့ ဂငယ်ကွေ့ ပြန်ကွေ့ လာမည်ဟု ရေးသား ဖော်ပြခဲ့ကြသည်။ ယင်းသတင်းများသည် အခြေအမြစ် လုံးဝ မရှိကြောင်း ဒရော့ဂ်ဘာ အတွက် အေးဂျင့်အဖြစ် လုပ်ကိုင် ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီက ငြင်းချက် ထုတ်ခဲ့သည်။
Sport PR ကုမ္ပဏီက "ဒရော့ဂ်ဘာနဲ့ ဘာစီလိုနာ ဇာတ်လမ်းဟာ လုံးဝလုံးဝ အဓိပ္ပါယ် မရှိပါဘူး။ ကျွန်တော်တို့ ပြောပြီးပါပြီ။ သူဟာ ဇူလိုင်လမှာ ရှန်ဟိုင်းနဲ့ ပူးပေါင်းပါမယ်" ဟု Twitterတွင် ရေးသား ဖော်ပြခဲ့သည်။ ဘာစီလိုနာ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်ကလည်း ဘာစီလိုနာမြို့သို့ ဒရော့ဂ်ဘာ လာရောက်ခဲ့သည့်နောက် ကစားသမားကို စာချုပ်ရန် လုပ်ဆောင်နေကြောင်း ခန့်မှန်းမှုများအား ငြင်းဆိုခဲ့သည်။ "ဒရော့ဂ်ဘာ အကြောင်း ကျွန်တော် ဘာမှတောင် မကြားမိဘူး။ သူသာ ဘာစီလိုနာ မြို့ထဲ ရောက်ခဲ့တယ် ဆိုရင် သူ့ဖာသာ အားလပ်ရက် လာအနား ယူတာ ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ အသင်းနဲ့ ဘာမှ မဆိုင်ပါဘူး" ဟု ရိုဆဲလ်က ပြောကြားသွားသည်။
ဒရော့ဂ်ဘာနဲ့ ဘာစီလိုနာ ဇာတ်လမ်းဟာ လုံးဝလုံးဝ အဓိပ္ပါယ် မရှိပါဘူး။ ကျွန်တော်တို့ ပြောပြီးပါပြီ။ သူဟာ ဇူလိုင်လမှာ ရှန်ဟိုင်းနဲ့ ပူးပေါင်းပါမယ်...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com