Facebook သည် ၄င်း၏ စမတ်ဖုန်း တစ်မျိုးကို ၂၀၁၃ ၌ ထုတ်လုပ်မည် ဖြစ်ကြောင်း သိရှိ ရသည်။ Facebook ဝန်ထမ်းများထံ မှသတင်းနှင့် Facebook က စမတ် ဖုန်း အင်ဂျင်နီယာ အများအပြား ငှားရမ်နေးခြင်းတို့ကို သုံးသပ်ပြီး ယခုကဲ့သို့ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။
Facebook ကလည်း ၄င်း၏ တိုးပွားလာနေသော မိုဘိုင်း ဖောက်သည်များအတွက် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ရန် အားထုတ်နေ ကြောင်း ဝန်ခံပြောကြားခဲ့သည်။ မကြာမီက စတင်ပြီး စတော့ ဈေးကွက်ထဲ ဝင်ရောက်လာသည့် Facebook သည် ၄င်းကိုယ်ပိုင် မိုဘိုင်းဆော့ဖ်ဝဲလ် စတိုးကို တည် ဆောက်ခဲ့သည်။ App center က Facebook ၌ အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲလ်များ ကို Apple ၏ iOS နှင့်Google ၏ Android စတိုးများနှင့် ချိတ်ဆက် ရန် ကမ်းလှမ်းခဲ့သော်လည်း တီ ထွင်ဆန်းသစ်သူများက Facebook ၏ စတိုး၌ သီးသန့်ထားရှိနိုင်မည့် ဆော့ဖ်ဝဲလ်များကို ရေးသားခဲ့ သည်။
Facebook သည် iPhone နှင့် အခြား စမတ်ဖုန်းထုတ်လုပ် သည့် ကုမ္ပဏီများမှ စမတ်ဖုန်း ကျွမ်းကျင်သူများကို ငှားရမ်းခဲ့ ကြောင်း နယူးယောက်တိုင်းမ် သတင်းစာ၌ ဖော်ပြခဲ့သည်။ Facebook က မကြာမီကာလအတွင်း စမတ်ဖုန်းတစ်မျိုးကို ဖန်တီးနိုင်ခြင်း မရှိလျှင် အခြားမိုဘိုင်း ပလက် ဖောင်းများပေါ်၌ အားထားရမည်ကို မာ့ခ်ဇူကာဘာ့ဂ်က စိုးရိမ်ပူပင်နေ သည်ဟု ဆိုသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com