မြန်မာနိုင်ငံ တာချီလိတ် တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်ထဲမှာ ဒီနေ့မနက်မှာ မူးယစ်ဆေးဝါးကုန်ကူးသူ လူတစုနဲ့ ထိုင်းမူးယစ်တပ်တို့ အပြင်းအထန် တိုက်ခိုက်မှု ဖြစ်ပွားပြီး မူးယစ်ကုန်ကူးသူ ၈ ဦးကို ထိုင်းဘက်က အသေဖမ်းဆီးရမိတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

မူး ယစ်ဆေးဝါး ကုန်ကူးသူတစုဟာ နယ်စပ်ကနေ တောလမ်းကို ဖြတ်ဝင်လာမယ်ဆိုတဲ့ သတင်းအရ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့၊ နယ်မြေခံရဲနဲ့ နယ်ခြားစောင့်ရဲ၊ စစ်တပ် ပူးပေါင်းအင်အား ၁၀၀ ကျော်ဟာ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ဝိန်းဖန်ခမ်းရပ်ကွက် ဘန့်ဖာမီရွာအနီး တောအုပ်ကနေ စောင့်ဖမ်းခဲ့တာဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
နံနက် ၄ နာရီခန့်မှာ ကျောပိုးအိတ်တွေနဲ့ လက်နက်ကိုင် လူ ၁၂ ဦးခန့်ဟာ ထိုင်းတပ်ဖွဲ့ကိုတွေ့တော့ ပစ်ခတ်ဆုတ်ခွာရာမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၈ ဦးကို အသေဖမ်းဆီးရမိခဲ့တယ်။
ပါလာတဲ့ကျောပိုးအိတ် တွေကို စစ်ဆေးရာမှာ ၉မမ သေနတ် ၈ လက်၊ အိုက်စ်မူးယစ်ဆေး ၇၀ ကီလိုဂရမ်နဲ့ ယာဘ အလုံးရေ ၅ သိန်း ၅ သောင်းတို့ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ရဲချုပ်ကြီး ဖျိုးဖန်း ဒါးမားဖုန်းက ဒီနေ့မနက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး မီဒီယာတွေကို ပြောကြားသွားပါတယ်။
သေဆုံးသူ ၈ ဦးဟာ အခါအမျိုးသားများဖြစ်ပြီး ၄-၅ ဦးလောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com