
အိုစမာ ဘင်လာဒင်၏ ဒရိုင်ဘာနှင့် ကိုယ်ရံတော် အီဘရာဟင်အယ်လ်ကိုဆီ ကို ၁၀ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်း ထားခဲ့ပြီးနောက် ဂန်တာနာမို အကျဉ်းထောင် မှ ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့ သတင်းများက ဖော်ပြသည်။ အီဘရာဟင်အယ်လ်ကိုဆီသည် သူ၏ဇာတိ ဆူဒန်နိုင်ငံသို့ ပြန်မည်ဖြစ်ပြီး အစိုးရ၏ ပြန်လည် ထူထောင်ရေး လုပ်ငန်း များ၌ ပါဝင်ဆောင်ရွက်မည် ဖြစ်သည်။
အယ်လ်ကိုဆီသည် ၂၀၁၀ ပြည့်နှစ်တွင် အကြမ်းဖက်မှုအတွက် အထောက်အပံ့ ပြုခဲ့ခြင်းကြောင့် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး အယ်လ်ကေးဒါးများအား စုံစမ်းထောက်လှမ်းရန် အတွက် ပူးပေါင်းပါဝင် ခဲ့သောကြောင့် ယခုကဲ့သို့ ပြန်လွှတ်ပေးခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ အယ်လ်ကိုဆီသည် ၂၀၀၂ ခုနှစ်၌ အဖမ်းခံခဲ့ရပြီး ဂန်တာနာမိုသို့ အပို့ခံရသည့် အယ်လ်ကေးဒါးအဖွဲ့၏ ပထမဆုံး အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။ ယခုအခါ အယ်လ်ကိုဆီသည် သူအဖမ်းခံခဲ့ရပြီးကတည်းက တွေ့ခွင့်မရခဲ့သည့် သူ၏ဇနီး၊ သမီးနှစ်ဦးတို့နှင့် ပြန်လည် တွေ့ဆုံရမည်ဖြစ်ကြောင်း သူ၏ရှေ့နေ ပေါလ်ရိုင်ချလာက ပြောကြားခဲ့သည်။ ယခုအခါ အသက် ၅၂ နှစ် ရှိပြီဖြစ်သော အယ်လ်ကိုဆီ လွတ်မြောက်လာသောကြောင့် ဂန်တာနာမိုရှိ အကျဉ်းသားစာရင်းမှာ ၁၆၈ ဦးသို့ လျော့ကျသွားပြီ ဖြစ်ကြောင်း သိရသည်။



4:23 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com