22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 29, 2012

၈ လေးလုံး ၂၄ နှစ်ပြည့် ရန်ကုန်မှာ ကျင်းပနိုင်ရေး ဆွေးနွေး

သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနား တရပ်ကို ရန်ကုန်မြို့မှာ ကျင်းပဖို့ အဖွဲ့အသီးသီးက M3 စားသောက်ဆိုင်မှာ ဒီနေ့ အစည်းအဝေး တရပ် ကျင်းပကြပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပြန်လည်စုစည်းရေး ကော်မတီ၊ Generation Wave နဲ့ ဝမ်းဖိုးဝမ်း ခေါ် ၁၄၁ ယောက်အဖွဲ့ တို့က စည်းဝေးညှိနှိုင်းကြ တာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုသက်ဦးက RFA ကိုပြောပါတယ်။
"နေ့လည် ၁၁ နာရီကနေ ၁ နာရီအထိ ဆွေးနွေးကြတယ်။ နိုင်ကျဉ်းအဖွဲ့၊ လူ့ဘောင်သစ်၊ GW၊ ဝမ်းဖိုးဝမ်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ကျော်ကိုကိုတို့၊ စည်သူမောင်တို့ ကျောင်းသား သမဂ္ဂပြန်လည် ဖွဲ့စည်းရေးအဖွဲ့ ပါတယ်။ ရန်ကုန်မှာ ကျန်နေခဲ့တဲ့ အဖွဲ့အစည်းတွေ အားလုံး ပေါင်းပြီးတော့ လုပ်တယ်။"
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မန္တလေးမြို့မှာ ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတွက် ကျန်အဖွဲ့အစည်းတွေက ရန်ကုန်မြို့မှာလည်း ကျင်းပဖို့ ဆွေးနွေးကြတာလို့ ဆိုပါတယ်။
အဲဒီ ၈ လေးလုံးနှစ်ပတ်လည်နေ့မှာ အရေးတော်ပုံကာလ အတွင်း ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ရည်စူးပြီး သံဃာတော် ၈၈ ပါးကို ဆွမ်းကပ်ကြမှာ ဖြစ်သလို အခမ်းအနား ကျင်းပမှာလည်း ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဆောင်ရွက်မယ့် အသေးစိတ် အစီအစဉ်နဲ့ အခမ်းအနား ကျင်းပမယ့် နေရာကိုတော့  သြဂုတ်လ ၈ ရက်နေ့နီးမှ ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )