အာဆင်နယ် အသင်း၏ ရာသီကြို ခြေစမ်း ခရီးစဉ်များတွင် လိုက်ပါရန် အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီက ငြင်းဆိုလိုက်ကြောင်း သိရှိရသည်။
ယခုအခါ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးအား မန်ချက်စတာ စီးတီး၊ မန်ချက်စတာ ယူနိုက်တက်နှင့် ဂျူဗင်းတပ်စ်တို့က ပေါင်စတာလင် (၁၅)သန်းတန် ကမ်းလှမ်းမှုများ အသီးသီး ပြုလုပ်ထားကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။ မန်ချက်စတာ မြို့ခံ နှစ်သင်းလုံးသည် အသက်(၂၉)နှစ် ပြည့်တော့မည့် ကစားသမားကို ချိတ်ဆက်ထားသော်လည်း အာဆင်နယ်က အနည်းဆုံး ပေါင်စတာလင် သန်း(၂၀) ရမှသာ ရောင်းထုတ်ဖွယ် ရှိနေသည်။ ဗန်ပါစီသည် အာဆင်နယ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး အသင်းက သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းဆန်ထားသည်။
ပြီးခဲ့သည့် ဘောလုံးရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးရ ဂိုးသွင်းဘုရင်အား အနာဂတ်နှင့် ပတ်သက်ပြီး တိတိကျကျ ဆုံးဖြတ်ရန် မန်နေဂျာ အာစင်ဝင်းဂါးက ဖိအားပေး ပြောဆိုခဲ့သည့်နောက် ဗန်ပါစီသည် မလေးရှားသို့ ထွက်ခွာမည့် အသင်းနှင့် လိုက်ပါမသွားရန် ရွေးချယ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အာဆင်နယ် စနေနေ့တွင် ကွာလာလမ်ပူသို့ သွားရောက်ကာ အာရှတိုက်တွင် ခြေစမ်းပွဲ(၃)ပွဲ ကစားမည် ဖြစ်သည်။ အခြားသော သတင်းများ အရ အာဆင်နယ်သည် ဗန်ပါစီ နေရာတွင် အစားထိုးရန်အတွက် အက်သလက်တီကို ဘီလ်ဘာအိုမှ ဖာနန်ဒို လော်ရန်တေးကို စိတ်ဝင်စားနေကြောင်းလည်း သိရှိရသည်။ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးအား မန်ချက်စတာ စီးတီး၊ မန်ချက်စတာ ယူနိုက်တက်နှင့် ဂျူဗင်းတပ်စ်တို့က ပေါင်စတာလင် (၁၅)သန်းတန် ကမ်းလှမ်းမှုများ အသီးသီး ပြုလုပ်ထား...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com