22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 12, 2012

ဆွာရက်ဇ်ကို သက်တမ်း တိုးနိုင်မည်ဟု ယုံကြည်ကြောင်း ရော့ဂျာပြောကြား

အသင်း အနေဖြင့် လူးဝစ်ဆွာရက်ဇ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ရန် နီးစပ်နေပြီဟု လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ထုတ်ဖော် ပြောဆိုလိုက်သည်။

ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးသည် အန်းဖီးလ်တွင် ဆက်နေရန် လိုလိုလားလားပင် ရှိနေကြောင်း ရော့ဂျာက ဆိုသည်။ အစောပိုင်းက ဆွာရက်ဇ်ကို ဂျူဗင်းတပ်စ်၊ PSGစသော အသင်းများက စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မန်နေဂျာသစ် ရော့ဂျာက ကစားသမားအား ဆက်လက်ထိန်းသိမ်းနိုင်ရန် ကြိုးစား လာခဲ့သည်။ ယခုအခါ ဆွာရက်ဇ်သည် အသင်းမှ ကမ်းလှမ်းသည့် စာချုပ်သစ်ကို လက်မှတ်ရေး ထိုးရန် အလှမ်း မဝေးတော့ဟု ရော့ဂျက ပြောကြားခဲ့သည်။
စာချုပ်သစ် ချုပ်တော့မည့် ဆွာရက်ဇ်

ဆွာရက်ဇ်သည် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ပက်ထရစ် အီဗရာကို လူမျိုးရေး ခွဲခြားမှုကြောင့် (၈)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီးနောက် ပရီးမီးယား လိဂ်ကို စွန့်ခွာရန် ကြိုးစားနေပြီဟုပင် သတင်းကြီးခဲ့သေးသည်။ ရော့ဂျာက "ကျွန်တော် သူနဲ့ လူချင်းတော့ သေချာ စကား မပြောရသေးဘူး။ ဖုန်းထဲမှာတော့ ဆွေးနွေးဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ Text Messageတွေ ပို့ပြီး အမြင်ဖလှယ်ကြတယ်။ ကျွန်တော် လီဗာပူးလ် မန်နေဂျာ ဖြစ်လာတော့ သူက Messageပို့ပြီး ဆုမွန်ကောင်း တောင်းပေးတယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော် ကိုင်တွယ်တဲ့ ဆွမ်ဆီးအသင်း ကစားပုံကို စိတ်လှုပ်ရှားမိတဲ့ အကြောင်း ဆွာရက်ဇ်က ပြောတယ်။ သူက ကျွန်တော့်လက်အောက်မှာ စာချုပ်သစ် ဆက်ချုပ်ဖို့ သဘော တူပါတယ်လို့လည်း ပြောသေးတယ်။ ဒီကိစ္စ မကြာခင် လက်တွေ့ ဖြစ်လာမယ်လို့ ထင်ပါတယ်" ဟု ပြောဆိုသွားသည်။

ဆွာရက်ဇ်သည် လန်ဒန်တွင် ကျင်းပမည့် အိုလံပစ် ပွဲတော်တွင် ပါဝင် ကစားမည်ဖြစ်ရာ လီဗာပူးလ်၏ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များနှင့် လွဲချော်မည် ဖြစ်သည်။
ပြီးခဲ့တဲ့ ရာသီက ကျွန်တော် ကိုင်တွယ်တဲ့ ဆွမ်ဆီးအသင်း ကစားပုံကို စိတ်လှုပ်ရှားမိတဲ့အကြောင်း ဆွာရက်ဇ်က ပြောတယ်။ သူက ကျွန်တော့်လက်အောက်မှာ စာချုပ်သစ် ဆက်ချုပ်ဖို့ သဘောတူပါတယ်လို့လည်း ပြောသေးတယ်။ ဒီကိစ္စ မကြာခင် လက်တွေ့ ဖြစ်လာမယ်လို့ ထင်ပါတယ်..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )