သောင်ရင်းမြစ်ပေါ်က နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ရေလယ်ကျွန်းမှာ စိုက်ထားတဲ့ မြန်မာအလံကို ပြန်ဖြုတ်ပေးမယ်လို့ ဒီနေ့ပြုလုပ်တဲ့ ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေးမှာ မြန်မာဘက်က ကတိပေးလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပတိုက်နယ်က ရီးစော့(အပန်းဖြေရာနေရာ)တခုမှာမှာ ပြုလုပ်တဲ့ ထိုင်း-မြန်မာနယ်ခြားကော်မတီအဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးပွဲမှာ အငြင်းပွားနေတဲ့ သောင်ရင်းမြစ်လယ်ကျွန်းပေါ်မှာ မြန်မာအလံ စိုက်ထူထားတာကို ရုပ်သိမ်းပေးမယ်လို့ မြန်မာဘက်က ပြောဆိုခဲ့တာပါ။
![MYANMAR WITHDRAW THE FLAG TMBC](http://burmese.dvb.no/wp-content/uploads/2012/07/MYANMAR-WITHDRAW-THE-FLAG-TMBC.jpg)
ဗိုလ်မှူးကြီး အူရစ် နုကန်ဟင်နှင့် ဗိုလ်မှူးဖြိုးဝေအောင်
တွေ့ဆုံပွဲကို ထိုင်း-မြန်မာ နယ်စပ်ကော်မီတီဥက္ကဋ္ဌ အမှတ် ၄ ခြေမြန်တပ်ရင်းမှူး ဗိုလ်မှူးကြီး အူရစ် နုကန်ဟင်အဖွဲ့နဲ့ မြန်မာဘက်က မြ၀တီမြို့နယ် အမှတ် ၂၇၅ ခြေလျင်တပ်ရင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူးဖြိုးဝေအောင်နဲ့အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
ဗိုလ်မှူးဖြိုးဝေအောင်က “ဒီနေ့ကတော့ ကျနော်တို့ နှစ်နိုင်ငံကြားက ရေလယ်ကျွန်း ပြဿနာတို့ဘာတို့ ဆွေးနွေးပါတယ်။ ဒီဆွေးနွေးရတဲ့အတွက်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိပြီး ကျန်တဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခွင့်အလမ်းကောင်းတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။”
၃ နာရီကြာ အစည်းအဝေးမှာ နှစ်ဖက်စလုံးက လက်ရှိ ဖြစ်ရှိနေတဲ့ ပြဿနာ အသီးသီးကိုလည်း တင်ပြဆွေးနွေးခဲ့ကြပါတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် သောင်ရင်းမြစ်ကြောင်း စတင်ပြောင်းလဲခဲ့ကတည်းက ဖြစ်ပွားလာတဲ့ နှစ်၂၀ ကြာ နယ်နိမိတ်ပြဿနာကို အခြေအတင်ဆွေးနွေးကြပါတယ်။
နောက်ဆုံးရလဒ်အဖြစ် ၂ လ တကြိမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဆွေးနွေးကြဖို့နဲ့ နှစ်နိုင်ငံ နယ်စပ်မျဉ်းအဖြစ် စီးဆင်းနေတဲ့ သောင်ရင်းမြစ်ပေါ်က ရေလယ်ကျွန်းပေါ်မှာ ထောင်ထားတဲ့ မြန်မာအလံကို ပြန်ရုပ်ပေးမလို့ မြန်မာဘက်က ကတိပေးလိုက်တာ ဖြစ်ပါတယ်။
အကျယ်အ၀န်း ဧက ၁၀၀လောက်ရှိတဲ့ ကျွန်းပေါ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက မြန်မာအလံစိုက်ထူထားတာ ဖြစ်ပါတယ်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com