ဟွဏ်းဘီးလ် (ကြယ်စင်)။ ။ သင်စိတ်ဓာတ်ကျနေပြီလား စိတ်ဓာတ် ကျနေပြီလားဆိုတာ သိနားလည်စေဖို့ အောက်ပါ လက္ခဏာ တွေရှိ၊ မရှိ ဆန်းစစ်ကြည့်ပါ။ သင်ခံစားနေရတဲ့ စိတ်ကျဝေဒနာကြောင့် ပုံမှန်အလုပ် တွေကိုတောင် မလုပ်နိုင်ဘူးဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အိပ်ရေးပျက်ခြင်း
စိတ်ဓာတ်ကျတာက စိတ်ပိုင်းဆိုင် ရာပြဿနာတစ်ရပ်ဖြစ်ပေမယ့် စိတ်ပိုင်း ဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ စိတ်ဓာတ် ကျနေပြီဆိုရင် သာမန်လူတွေလို အိပ်ရေးဝ၀ အိပ်စက်လို့မရဘဲ အိပ်ရေးပျက် နိုင်ပါတယ်။ အိပ်မပျော်နိုင်တဲ့ အခြေအနေ ဒါမှမဟုတ် တစ်ချိန်လုံး အိပ်ချင်နေတဲ့ အခြေအနေဟာ စိတ်ဓာတ်ကျနေတာပါ။
ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်အောင့်တာက နှလုံးရောဂါ ဒါမှမဟုတ် အဆုတ်ရောဂါ လက္ခဏာ တစ်ရပ်ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ ရင်ဘတ် အောင့်နေတယ်ဆိုရင် ဒီအခြေအနေကို ဆန်းစစ်ရှာဖွေဖို့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါပေမဲ့ တချို့သော အခြေအနေတွေမှာ ရင်ဘတ်အောင့်တာက စိတ်ဓာတ်ကျတာကြောင့် ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျတာကြောင့် နှလုံးရောဂါ ဖြစ်နှုန်းကိုလည်း မြင့်တက်စေနိုင်သလို နှလုံးရောဂါ ထဖူးသူတွေဟာလည်း ပိုမို စိတ်ဓာတ်ကျရတတ်ပါတယ်။
ညောင်းညာခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း
အိပ်ရေးဝပြီး အနားရတာတောင် နေ့စဉ်လုပ်နေရတဲ့ လုပ်ငန်းကိစ္စတွေမှာ စွမ်းအင်မရှိသလို ပင်ပန်းနေရင် စိတ်ဓာတ်ကျတဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်ပါတယ်။ စိတ်ဓာတ်ကျတာနဲ့ ပင်ပန်းနွမ်း နယ်တာက အပြန်အလှန် ဆက်စပ်မှု ရှိနေပါတယ်။ လေ့လာမှုကြီးတစ်ခုအရ စိတ်ဓာတ်ကျနေတဲ့သူတွေဟာ ပင်ပန်း နွမ်းနယ်မှုဖြစ်နိုင်ခြေ လေးဆကျော်ပိုများပြီး ပင်ပန်းနွမ်းနယ်နေသူတွေဟာ စိတ်ဓာတ်ကျနိုင်ခြေ သုံးဆနီးပါး ပိုများတယ်လို့ သိရပါတယ်။
ကြွက်သားကိုက်ခဲခြင်းနှင့် အဆစ်နာခြင်း
တစ်ကိုယ်လုံး ကိုက်ခဲနာကျင်မှုနဲ့ စိတ်ဓာတ်ကျမှုတို့ကလည်း အပြန်အလှန် ဆက်စပ်နေပါတယ်။ နာတာရှည် နာကျင်ကိုက်ခဲမှုကြောင့် စိတ်ဓာတ်ကျနိုင်ခြေကို တိုးစေပါတယ်။ အလားတူ စိတ်ဓာတ်ကျ တာကြောင့်လည်း တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲ နေနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် စိတ်ဓာတ်ကျနေသူတွေဟာ နာတာရှည် နာကျင်ကိုက်ခဲမှုဖြစ်နိုင်ခြေ သုံးဆပို များနေပါတယ်။
အစာခြေစနစ် ပြဿနာများ
ဦးနှောက်နဲ့ အစာခြေစနစ်ဟာ အခိုင်အမာ ဆက်စပ်မှု ရှိနေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများတဲ့အခါနဲ့ ပူပင်သောကများတဲ့အခါတွေမှာ ဗိုက်အောင့်တာနဲ့ ပျို့ချင်အန်ချင်စိတ်ပေါ်တာတို့ ဖြစ်ပေါ်ရတာပါ။ စိတ်ဓာတ်ကျတာက အူကို မအီမသာဖြစ်စေပြီး အစာမကြေတာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ အန်တာ စတဲ့လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။
ခေါင်းကိုက်ခြင်း
စိတ်ဓာတ်ကျနေသူတွေက နာတာရှည် ခေါင်းကိုက်နေတတ်ကြပါတယ်။ လေ့လာမှုတစ်ရပ်အရ စိတ်ကျရောဂါ ခံစားနေရသူတွေဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်နိုင်ခြေ သုံးဆပိုများပြီး ခေါင်းတစ်ခြမ်းကိုက်နေသူတွေဟာ စိတ်ဓာတ်ကျနိုင်ခြေ ငါးဆပိုများကြောင်း သိရပါတယ်။
အစာစားချင်စိတ် အပြောင်းအလဲနှင့် ကိုယ်အလေးချိန်
အပြောင်းအလဲ တချို့လူတွေက စိတ်ဓာတ်ကျနေတဲ့အခါ အစာစားချင်စိတ်ဆုံးရှုံးသွား တတ်ပါတယ်။ တခြားသူတွေကတော့ အစာကို တစွတ်စွတ်စားလိုကြတာပါ။ ဒါကြောင့် စိတ်ဓာတ်ကျနေသူတွေက ကိုယ်အလေးချိန်မြင့်တက်တာနဲ့ လျော့ကျတာတို့ ဖြစ်နိုင်ခြေရှိပါတယ်။ ကိုယ်အလေး ချိန်လျော့ကျသွားသူတွေအဖို့ စွမ်းအင်လည်း မရှိတော့ပါဘူး။
ခါးနာခြင်း
ခါးနာတာကြောင့် စိတ်ဓာတ်ကျနိုင်သလို စိတ်ဓာတ်ကျတာကြောင့်လည်း လူတစ်ဦးရဲ့ ခါးနာနိုင်ခြေကို မြင့်တက် စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေသူတွေက လည်ပင်းနဲ့ ခါးပြင်းပြင်းထန်ထန် နာကျင်နိုင်ခြေ လေးဆပိုများပါတယ်။
စိတ်ဂနာမငြိမ်ဖြစ်ခြင်း
စိတ်ဓာတ်ကျတာကြောင့် အိပ်ရေးပျက်ကာ စိတ်ဂနာမငြိမ်ဖြစ်တာနဲ့ စိတ်ဆိုးလွယ်တာတို့ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျတာကြောင့် အရက်နဲ့ မူးယစ်ဆေးစွဲနိုင်ခြေကို တိုးစေသလို စိတ်ဂနာ မငြိမ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ အမျိုးသားတွေက အမျိုးသမီးတွေထက် စိတ်တိုစိတ်ဆတ်တာမျိုး ပိုဖြစ်တတ်ပါတယ်။
လိင်ဆက်ဆံမှုဆိုင်ရာ ပြဿနာများ
စိတ်ဓာတ်ကျတဲ့အခါ Sex ကို စိတ် ပါဝင်စားမှု မရှိတတ်ပါဘူး။ စိတ်ဓာတ်ကျ သူတွေက အရက်နဲ့ မူးယစ်ဆေးဝါးတွေကို ပိုသုံးစွဲဖြစ်နိုင်ခြေများပြီး Sex မှာ စိတ်ဝင်စားမှုကို လျော့ကျစေပါတယ်။
လေ့ကျင့်ခန်း
လေ့လာမှုအရ ပုံမှန်လေ့ကျင့်ခန်း လုပ်တာကြောင့် သင့်ကို ကြံ့ခိုင်သန်စွမ်း မှုရှိစေရုံသာမက ဦးနှောက်ထဲမှာ ကောင်းတဲ့ဓာတုပစ္စည်းတွေကို အထွက်များစေ ပါတယ်။ ဒါကြောင့် စိတ်ခံစားမှုကောင်း တာ၊ စိတ်ဓာတ်မြင့်တက်တာနဲ့ နာကျင် မှုအပေါ်တုံ့ပြန်နိုင်စွမ်း လျော့ကျတာတို့ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းတစ်ခု တည်းလုပ်တာက စိတ်ကျရောဂါကို မကုသနိုင်ပေမယ့် စိတ်ဓာတ်ကျတဲ့ ဝေဒနာကိုတော့ လျော့ပါးစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ဓာတ်ကျနေရင် စွမ်းအင် တိုးစေဖို့ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့် ခန်းလုပ်တာကြောင့် ညောင်းညာနုံးချည့် မှု သက်သာစေပြီး ကောင်းကောင်း အိပ်မောကျစေနိုင်ပါတယ်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com