
အခမ်းအနားတွင် Forever Group Co., Ltd ၏ CEO ဦးဝင်းမော်မှ MMDC သင်တန်းဖြစ်ပေါ်လာပုံအကျဉ်းချုပ်ကိုရှင်းလင်းပြောကြားပြီးနောက် ဒါရိုက်တာ ဦးခင်မောင်ဌေးမှ ယင်းသင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။ MMDC သင်တန်းကျောင်းအား Forever Group Co., Ltd မှ ဦးစီးဖွင့်လှစ်ခြင်းဖြစ်ပြီး၊ Asia Pacific Institute for Broadcasting Development, DW Akademic နှင့် Froedrich-Ebert Stiftung မှ ပူးပေါင်းပါဝင်ကူညီပေးကြခြင်းဖြစ်သည်။
ယင်း MMDC သင်တန်းကျောင်းမှ ဆယ်လကြာ သင်ကြားပေးမည့် Diploma in TV Broadcasting သင်တန်းကို တစ်နှစ်လျှင် ၀င်ခွင့်နှစ်ကြိမ်ခေါ်ယူမည်ဖြစ်ကာ၊ ရုပ်သံလွှင့်ခြင်း၊ ကင်မရာဆိုင်ရာ အယူအဆများ၊ ရုပ်သံတည်းဖြတ်ခြင်း၊ အင်တာဗျူးခြင်းနည်းစနစ်များအပြင် လူမှုဆက်ဆံရေးဆိုင်ရာနည်းဗျူဟာများ အစရှိသည့် မီဒီယာလုပ်ငန်းဆိုင်ရာ အသုံးချပညာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။ Forever Group အနေဖြင့် နောက်ပိုင်းတွင် ရေဒီယိုအသံလွှင့်နည်းပညာဆိုင်ရာသင်တန်းများနှင့် ပုံနှိပ်နည်းပညာဆိုင်ရာသင်တန်းများကိုပါ ဆက်လက်ဖွင့်လှစ်သွားရန်ရည်ရွယ်လျှက်ရှိကြောင်းသိရသည်။
ယင်းသင်တန်းနှင့်ပတ်သက်၍ အသေးစိပ်သိရှိလိုပါက MMDC သင်တန်းကျောင်း၊ ဖုန်း ၅၂၇၂၄၂(ext: ၄၀၀၇)သို့လည်းကောင်း၊ အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it. သို့လည်းကောင်းဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com