22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 7, 2012

သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းလို၍ ကျွန်းစိုက်ခင်းစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ကော လင်းမြို့နယ်တွင် သစ်တောဦးစီး ဌာနမှ ကျေးလက်နေ ပြည်သူ များအား သစ်တောသစ်ပင်နှင့် သဘာ၀၀န်းကျင်ကိုထိန်းသိမ်းလို စိတ်ဖြစ်ပေါ်လာအောင်အသိပညာ ပေးမှုကြောင့်ဒေသခံပြည်သူများ စိတ်ဝင်စားမှုရှိလာကာ ကျွန်း တောကျေးရွာမှ ပြည်သူများအား  သစ်တောဦးစီးဌာနမှကူညီပံ့ပိုးမှု  ဖြင့် ကျေးရွာပိုင်ကျွန်းစိုက်ခင်းအား ဒေသခံများ စိုက်ပျိုးခဲ့ကြောင်းသိ ရသည်။
““အခုဆိုရင် ကျွန်တော်တို့ နယ်တွေမှာ အဖိုးတန်တဲ့သစ် တွေရှားပါးလာပြီး ရွာမှာရှိတဲ့မိ သားစုအချို့ အိမ်ထောင်စုခွဲထွက်  ကျတဲ့အခါ အိမ်ဆောက်ဖို့ ခက်ခဲလာတယ်။ယခုနှစ်အတွင်း သစ်တောဦးစီးဌာနကတောထဲမှာ  သစ်စက်တွေထောင်ပြီး သယ်ယူ ရောင်းချနေတာတွေကို ဖမ်းဆီး အရေးယူမှုတွေဆောင်ရွက်လာ ကြတော့ကျေးလက်နေပြည်သူအများ စုဆိုတာ လောင်စာသုံးစွဲတာတွေ၊ နေအိမ်ဆောက်တာတွေ လူသုံး နှင့်လယ်ယာသုံးပစ္စည်းများနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်းများဖြစ်တဲ့ စာ သင်ကျောင်း၊ဘုန်းကြီးကျောင်း၊ လမ်းတံတားတွေဆောင်ရွက်တဲ့ အခါမှာ သစ်တောသစ်ပင်တွေကို  အားကိုးအားထား သုံးစွဲနေရ တော့ အခက်အခဲဖြစ်နေတာပါ ပဲ””ဟုကျွန်းတောကျေးရွာအုပ်ချုပ် ရေးမှူး ဦးကျော်မြင့်က ပြော ကြားသည်။
““ကျွန်တော်တို့ကျေးရွာကို  သစ်တောဝန်ထမ်းတွေက သစ် တောသစ်ပင်နှင့် သဘာ၀၀န်းကျင်ကိုထိန်းသိမ်းလိုစိတ်ဖြစ်ပေါ်  လာအောင် အသိပညာပေး ဆောင်ရွက်လာတာကြောင့် ကျွန်တော်တို့ တစ်ရွာလုံးနောင် လာနောက်သားတွေအတွက်  အိမ်ယာဆောက်လုပ်ဖို့အခက် အခဲတွေမဖြစ်ပေါ်လာအောင်  ကျေးရွာပိုင်ကျွန်းစိုက်ခင်းတစ်ဧက ကို ဆောင်ရွက်ဖို့ လျှောက်ထား ခဲ့တာကို ဆောင်ရွက်ခွင့်ရလာတဲ့ အတွက်သစ်တောဦးစီးဌာနက နည်းပညာနဲ့ကျွန်းပျိုးပင်(၅၄၀)ကို  ပေးပါတယ်၊အခုလိုသစ်တောဦး စီးဌာနက ကူညီပံ့ပိုးမှုကြောင့် ကျွန်တော်တို့ ဒေသခံတွေ ငွေ ကြေးရင်းနှီးရတာမရှိဘဲ လုပ်အား   စိုက်ရတာဆိုတော့ ကျွန်းစိုက် ခင်းတစ်ဧကကို တစ်ရွာလုံးက ညီညီညွတ်ညွတ်နဲ့စိုက်ပျိုးခဲ့ပါ တယ်။လာမယ့်နှစ်တွေမှာလဲ ကျေးရွာပိုင်စိုက်ခင်းတွေနဲ့ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်တွေ ဆက် လက်လျှောက်ထားဦးမည်””ဟု အထက်ပါပုဂ်္ဂိုလ်က ထပ်မံပြော ကြားသည်။
ကောလင်းမြို့နယ်တွင်ကျေး လက်နေပြည်သူများမှ သဘာဝ တောအတွင်းမှ ထင်း၊မီးသွေး ထုတ်ယူမှုများပြားလာသောကြောင့်  တောများ ပျက်စီးမှုမှာလည်း  တစ်နှစ်ထက် တစ်နှစ် ပိုမိုများ ပြားလာခဲ့သည်။ယခုအခါ ပြည်  သူအစုအဖွဲ့ပိုင် သစ်တောစိုက် ခင်းများ အောင်မြင်စွာ ထူထောင်  နိုင်ရေးအတွက် မြို့နယ်တိုင်းကြိုး ပမ်းဆောင်ရွက်လျက်ရှိပါသည်။ ကျေးရွာပိုင် စိုက်ခင်းအနေဖြင့်  ထင်းလုံလောက်မှုရှိပါက သဘာ ၀တောအားအထိုက်အလျောက် ကာကွယ်ပြီးဖြစ်သည်။သို့ဖြစ်၍  ကျေးရွာပိုင်စိုက်ခင်းများ ထူ ထောင်ပါက အိမ်၊ခြံ၊မြေ၊ ကန်သင်း များတွင် ထင်းစိုက်ခင်းများ  စိုက်ခြင်းကို အလေးထားဆောင် ရွက်ရန် လိုအပ်သလို သစ်တော ဦးစီးဌာနမှ ပညာပေးအစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော ထင်းအစား  အခြားလောင်စာသုံးစွဲခြင်း ထင်း ကုန်သက်သာ မီးဖိုများ ဖြန့်ဝေ ခြင်းကိုဆောင်ရွက်နိုင်အောင် ကြိုးပမ်းသင့်သည်ဟုသိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )