22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, July 11, 2012

မြန်မာ သစ်ဘုတ် ဘင်္ဂလာဒေခ်ျ့ အနီး နစ်မြုပ်၊ ကျပ်သိန်း ၂ ထောင်ကျော်ဖိုး ဆုံးရှုံး

မြန်မာနိုင်ငံမှ သစ်များကို တင်ဆောင်လာသော မော်တော်ဘုတ် (၁) စီး ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် အနီး နစ်မြုပ်ခဲ့သွားခဲ့ရာ ကျပ်သိန်းပေါင်း ၂ထောင်ကျော်ဖိုး ဆုံးရှုံးခဲ့သည်ဟု သတင်းရရှိသည်။
မြန်မာသစ်များ တက်ကနက်မြို့ ဘောင်တော် ဆိပ်ကမ်းတွင် စုပုံထားသည်ကို မြင်ရစဉ်။ ( ဓါတ်ပုံ – နိရဉ္စရာ)
မြန်မာသစ်များ တက်ကနက်မြို့ ဘောင်တော် ဆိပ်ကမ်းတွင် စုပုံထားသည်ကို မြင်ရစဉ်။ ( ဓါတ်ပုံ – နိရဉ္စရာ)

အဆိုပါ မော်တော်ဘုတ်မှာ သစ်များကို တင်ဆောင်ပြီး တခြား မော်တော်ဘုတ် (၃) စီးနှင့် အတူ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ဘင်္ဂလာဒေခ်ျ့နိုင်ငံ တက်ကနက် ဆိပ်ကမ်းသို့ ဦးတည် ခုတ်မောင်းလာစဉ် ဇူလိုင်လ ၅ ရက်နေ့က စစ်တွေမြို့ မေယု မီးပြ အလွန်တွင် နစ်မြုပ်သွားခြင်း ဖြစ်သည်။

“ လူတွေက အသေအပျောက် မရှိပါဘူး။ တခြား သစ်ဘုတ်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ကျန်တဲ့ မော်တော်ဘုတ်သုံးစီးကတော့ အခု တက်ကနက် ဆိပ်ကမ်းကို ရောက်ရှိနေပါပြီ”  ဟု တက်ကနက် ဆိပ်ကမ်းမှ မြန်မာ စီးပွားရေးသမား ကိုမောင်ခင်နုက ပြောသည်။

တင်ဆောင်လာသော သစ်များ၏ တန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ကျော်ဖိုးရှိကြောင်း ကိုမောင်ခင်နုက ပြောသည်။

“ တင်လာတဲ့ သစ်က ခန့်မှန်းခြေ ကျပ်သိန်း ၂၀၀၀ ကျော်ဖိုးရှိပါတယ်။ မော်တော်ဘုတ် မြုပ်တာက မိုးသက်လေပြင်းနဲ့ အတူ လိုင်းကြီးတဲ့ အတွက် မြုပ်သွားတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူကြောင့် နယ်စပ်ဒေသ တလျှောက်တွင်လည်း မတည်ငြိမ်မူများ ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးလည်း တစ်လနီးပါးခန့် ရပ်ဆိုင်း  ထားခဲ့ရသည်။

ယခုနယ်စပ် ကုန်သွယ်ရေး ပြန်လည် စတင် ဖွင့်လှစ်ချိန်တွင် မြန်မာနိုင်ငံမှ သစ်တင် မော်တော်ဘုတ် နစ်မြုပ်သွားခြင်း ဖြစ်သည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )