22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 29, 2012

နိုင်ငံခြားသား ရင်းနှီးမြှပ်နှံသူ များအား ကွန်ဒိုမီ နီယံ တိုက်ခံအပိုင် ဝယ်ယူခွင့် ပြုတော့မည်


ပြည်ပမှ ရင်းနှီးမြှုပ်နှံရန် လာရောက်သော နိုင်ငံခြားသား များအား ကွန်ဒိုမီနီယံ အခန်း အပိုင်ဝယ် ယူခွင့် ပြုတော့မည်ဖြစ်ပြီး ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းစု အချို့လည်း ယင်းအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ၁၁-၇-၂၀၁၂ ရက်က သိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းစုများထံမှ ကြားသိရသော သတင်းများအရ နိုင်ငံခြားသားများကို ကွန်ဒိုမီနီယံ တိုက်ခန်း ဝယ်ယူခွင့်ပေးတော့မည့် အစီအစဉ်ကို မကြာမီ ကာလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်ပေးလိမ့်မည် ဖြစ်ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ စီးပွားရေး ဖိုရမ်မှာ သတင်းတစ်ခု ကြားထားတာက နိုင်ငံခြားသားတွေကို ကွန်ဒိုမီနီယံ တိုက်ခန်း ဝယ်ခွင့်ပေးတော့မယ်လို့ ကြားထားတယ်။ ဒီအတွက် အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်တွေကြားမှာ နည်းနည်းလေး လှုပ်လာတယ်” ဟု မဏ္ဍိုင် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု ကုမ္ပဏီမှ ဦးသန်းဦးက ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းများမှာ သာမန်အလယ်အလတ် လူတန်းစားများ အတွက် ဈေးကွက်လိုက်နေပြီး ကွန်ဒိုမီနီယံ အနေဖြင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများကို စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း သိရသည်။ “ရန်ကုန်မှာ တချို့အခန်းတွေက မရောင်းရဘဲနဲ့ ဒီအတိုင်း ပိုနေတာ အများကြီးပဲ။ ဒါပေမဲ့ အဲ့ဒါတွေက သိပ်ပြီးတော့ ပူစရာ မလိုတော့ပါဘူး။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) တွေလာရင် ဒါတွေတောင်လောက်မှာ မဟုတ်ဘူး” ဟု Golden Gate International မှ ဥက္ကဋ္ဌ ကိုဇော်မင်းသိန်းက ပြောကြားသည်။ “နိုင်ငံခြားသား ကွန်ဒိုဝယ်ခွင့် ဥပဒေကို ကြားထားတယ်။ ဒီလို ဥပဒေက နိုင်ငံတကာမှာလည်း ရှိပြီးသား၊ မြေကိုသာ တရားဝင် ဝယ်ခွင့်မပေးသေးတာ။ FDI လာရင်တော့ လက်ရှိ ရန်ကုန်က ကွန်ဒိုတွေ မလောက်ဘူး ဖြစ်သွားနိုင်တယ်” ဟု ကိုဇော်မင်းသိန်းက ပြောကြားသည်။
အေဝိုင်အီး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )