ဘာစီလိုနာ အသင်းသည် ၎င်းတို့ ရှာဖွေနေသည့် ဗဟိုနောက်ခံ ကစားသမားသစ် နေရာအတွက် ဘင်ဖီကာမှ အက်ဇ်ကွီရယ်လ် ဂါရေးအား စိတ်ဝင်စားနေကြောင်း သိရှိရသည်။
အသက် ရလာသည့် အသင်းခေါင်းဆောင် ကားလက်စ် ပူယိုးလ် နေရာတွင် ရေရှည် အစားထိုးရန် အတွက် ဘာစီလိုနာက ကစားသမားသစ် တစ်ဦးကို ရှာဖွေနေခြင်း ဖြစ်ပြီး ယခုအခါ ပေါ်တူဂီလိဂ်တွင် ခြေစွမ်းပြနေသည့် အသက်(၂၅)နှစ်အရွယ် ဂါရေးထံ ပစ်မှတ် ပြောင်းလာသည်။ ဂါရေးသည် ဘာစီလိုနာ အသင်း၏ ခါးသီးလှသော ပြိုင်ဘက်ကြီး ရီးယဲလ်မက်ဒရစ်တွင် ကစားဖူးသူ တစ်ဦးလည်း ဖြစ်သည်။ ဂါရေးသည် ပြီးခဲ့သည့် ရာသီက ဘင်ဖီကာ အတွက် အမာခံ နောက်တန်းလူ တစ်ဦးအဖြစ် (၄၁)ပွဲ ကစားပေးခဲ့သည်။
ဘာစီလိုနာ နည်းပြ တီတိုဗီလာနိုဗာသည် အာဆင်နယ်မှ သောမတ်စ် ဗာမေလန်နှင့် လောရင့် ကိုစီရယ်လ်နီ၊ လီဗာပူးလ်မှ ဒန်နီရယ်လ် အဂ္ဂါတို့ကိုလည်း စောင့်ကြည့်နေသည်။ ဘာစီလိုနာ အနေဖြင့် ဂါရေးအား စိတ်ဝင်စား လာသော်လည်း နောက်ခံလူ တစ်ဦးအတွက် ဘင်ဖီကာ သတ်မှတ်ထားသည့် တန်ဖိုးအတိုင်း ယူရို(၁၅)သန်း ပေးချေခြင်း ပြုမပြု မသေချာသေးကြောင်းလည်း သတင်းများက ဆိုသည်။ ဘာစီလိုနာသည် တိုက်စစ်ထိ လိုက်ပါ ကစားနိုင်သည့် အရွယ်ကောင်း ခံစစ်မှူး တစ်ဦးအား ယခု နွေရာသီတွင် မဖြစ်မနေ ဝယ်ယူဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
ဂါရေးသည် ဘာစီလိုနာ အသင်း၏ ခါးသီးလှသော ပြိုင်ဘက်ကြီး ရီးယဲလ်မက်ဒရစ်တွင် ကစားဖူးသူ တစ်ဦးလည်း ဖြစ်...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com