သင် တန်ဖိုးထား တဲ့အရာ တွေက သင့် စိတ်ကျန်းမာ ဖို့ အထောက် အကူ ဘယ် လောက်ပြု သလဲဆိုတာ သင် သတိထား မိချင်မှ ထားမိမှာပါ။ 'တန်ဖိုးထားတဲ့အရာ'ဆိုတာ 'ရည် ရွယ်ချက်ပန်းတိုင်'တစ်နည်းအားဖြင့် သင် လိုချင်တဲ့ 'ရည်မှန်းချက်'နဲ့ မတူပါဘူး။
သင့် ဘဝမှာ သင်တန်ဖိုးထားတဲ့အရာတွေက သင့်ကို ပျော်ရွှင်ကျေနပ်မှုနဲ့ စိတ်ချမ်းသာ မှုတွေ အမြဲပေးနိုင်ပါတယ်။ သင်ရဲ့ ရည် ရွယ်ချက်ပန်းတိုင်ကို သင်ရဲ့ ကြိုးပမ်းအား ထုတ်မှုတွေနဲ့ အောင်အောင်မြင်မြင် ရောက် ရှိသွားပြီဆိုပါစို့။ သင့်ရည်မှန်းချက် အောင် မြင်ပါပြီ။ ဒါပေမဲ့ သင်တန်ဖိုးထားတဲ့အရာ တွေကတော့ သင် ရည်ရွယ်ရာပန်းတိုင် ကို သွားခဲ့စဉ်မှာ အမြဲရှိခဲ့သလို သင့်ရည် မှန်းချက် ပြီးမြောက်သွားစဉ်မှာလည်း ရှိနေ ဦးမှာပါ။
ဥပမာ သင် လက်ထပ်ဖို့ ရည် ရွယ်ရင် လက်ထပ်ပြီးတဲ့အချိန်မှာ ရည် ရွယ်ချက် ပြည့်မြောက်ပါပြီ။ သင့်အိမ် ထောင်ရေးဟာ သာယာရင် သာယာမယ်၊ ပျက်စီးရင် ပျက်စီးမယ်။ ဒါပေမဲ့ သင် တန် ဖိုးထားတာက 'သာယာတဲ့အိမ်ထောင် တစ်ခု'ဆိုရင် သင့်ရည်မှန်းချက် ပြည့်ပြီး နောက်မှာတောင် အမြဲထိန်းသိမ်းတည်ရှိ စေရမယ့်အရာတစ်ခုပါ။ ပြီးဆုံးတယ်လို့ မရှိပါဘူး။ ဥပမာ နောက်တစ်ခုက သင့် ရည်မှန်းချက်ဟာ 'အလုပ်ကောင်းတစ်ခု' ရဖို့ဆိုပါတော့။ သင် အလုပ်ကောင်းတစ်ခု လက်ခံရရှိသွားချိန်မှာ ရည်ရွယ်ချက်ပြည့် ပါပြီ။
ဒါပေမဲ့ သင့်ကိုယ်သင် အဲဒီအလုပ် မှာ စိတ်ချမ်းသာပြီး အောင်မြင်မှု အမြဲရှိစေချင်ရင်တော့ ဒီတန်ဖိုးလေးကို အမြဲ ထိန်းသိမ်းသွားရမှာပါ။ လူတွေ တန်ဖိုးထားကြတာချင်း မတူ ပါဘူး။ ဘယ်သူ့တန်ဖိုးက အမှန်၊ ဘယ် သူ့တန်ဖိုးက အမှားရယ်လို့ ဝေဖန်စရာ မလိုပါဘူး။ သင်တန်ဖိုးထားတဲ့အရာတွေ က သင့်ကို ဘယ်လိုပျော်ရွှင်စေသလဲ၊ သင့် ဘဝအတွက် ဘယ်လောက် အရေးပါလဲ၊ ဒါတွေကို သင် ဘယ်လို ဆက်ထိန်းသွား မလဲလို့ တွေးကြည့်ပါ။
ဥပမာလေးတွေ ပေး ပါရစေ။ သင့်မိသားစုနဲ့ ဆွေမျိုးတွေမှာ ရှိတဲ့ အရည်အသွေး၊ သင့်အပေါ် ထား ရှိတဲ့ သဘောထား၊ သင်နဲ့ ဆက်ဆံရေးမှာ သင်ပျော်ရွှင်အောင် သူတို့ရဲ့အားထုတ်မှု တွေက သင် သတိမထားမိဘဲ တန်ဖိုး ထားတဲ့အရာတွေ ဖြစ်မှာပါ။ ဒီဥပမာကို သင်ရဲ့ချစ်သူ၊ အိမ်ထောင်ဖက်၊ သူငယ် ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်နဲ့ အိမ်နီးချင်းတွေမှာ အသုံးချနိုင်ပါတယ်။
အလားတူပဲ သင့်ပညာရေး၊ စီးပွားရေး၊ ဘာသာရေး၊ အလုပ်အကိုင်ဝန်းကျင်မှာ လည်း သင် အမြဲတန်ဖိုးထားရတဲ့အရာ တွေ ရှိမှာပါ။ သင့်ဝါသနာ(အိမ်တွင်းမှု ဖြစ်စေ၊ အားကစားဖြစ်စေ)နဲ့ သင်ရဲ့ လူမှု ဝန်ထမ်းအလုပ်တွေကလည်း သင် တန် ဖိုးထားပြီး သင့်ကို ကြည်နူးစေတဲ့အရာ တွေ ဖြစ်နေမှာပါ။ ဒါတွေကို ဖော်ထုတ် ပြီး ပီတိဖြစ်ပါ။ ဆက်လက်တန်ဖိုးထားပါ။
ဒီအရာတွေက သင့်စိတ်ကို ကျန်းမာ ပျော်ရွှင်စေတဲ့အပြင် သင်ရဲ့ ရည်ရွယ် ချက်၊ ရည်မှန်းချက်တွေကို အောင်မြင်ဖို့ လည်း အထောက်အကူဖြစ်မှာပါ။ အပြိုင်အဆိုင်များပြီး စိတ်ဖိစီးမှု လွန်ကဲစေနိုင်တဲ့ ဒီခေတ်ကြီးမှာ ကြီးမား တဲ့ရည်ရွယ်ချက်၊ မြင့်မားတဲ့ရည်မှန်းချက် ကို စူးစိုက်နေရတာနဲ့ သင့်ဝန်းကျင်က သင်တန်ဖိုးထားတဲ့အရာတွေရဲ့ အရေးပါ မှုကို သတိမမူမိမှာစိုးလို့ ဒီဆောင်းပါး လေး ရေးဖြစ်တာပါ။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com