ဝေဠုကျော်က ဇူလိုင် ၁၉ ရက်နေ့မှာ အာဇာနည် ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုတဲ့ အနေနဲ့၊ လွမ်းဆွတ် သတိရတဲ့ အနေနဲ့၊ မြန်မာပြည် စိမ်းလန်းစိုပြည်ရေးအတွက် လုပ်နိုင်တဲ့ တစ်ထောင့် တစ်နေရာက ပြန်လည် စိမ်းလန်းစိုပြည်ဖို့အတွက် သစ်ပင်တွေ စိုက်ပျိုးမှာ ဖြစ်ပါတယ်။ မြသားလွင်ပြင်က ကမကထလုပ်ကာ စီစဉ်တာ ဖြစ်ပြီး သန်လျင်၊ ကျိုက်ခေါက် ဘုရားနားမှာ သစ်ပင်စိုက်မှာ ဖြစ်ကြောင်း ဝေဠုကျော်က ပြောပါတယ်။
စိုက်မယ့် သစ်ပင်အစီအစဉ်နဲ့ ပတ်သက်ပြီး ဝေဠုကျော်က “မြသားလွင်ပြင်က ကမကထလုပ်ပြီး သန်လျင်၊ ကျိုက်ခေါက် ဘုရားနားမှာ စိုက်မှာပါ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သတင်းတပ်ဖွဲ့လည်း ပါမယ်။ ကျွန်တော်တို့ သွေးမေတ္တာ ပရဟိတအသင်း၊ ဧည့်လမ်းညွှန် အဖွဲ့၊ ဓမ္မအလင်းရောင် အဖွဲ့လည်း ပါမယ်။ ကျိုက်ခေါက်ဘုရားမှာ မနက် ၈ နာရီက စပြီး စိုက်ပါမယ်။ သစ်ပင်အနည်းဆုံး ၁၀၀၀ လောက် စိုက်မှာပါ။ ရှားပါးပင်နဲ့ နှစ်ရှည်ပင်တွေကို အဓိကထားပြီး စိုက်မှာပါ” လို့ ပြောပါတယ်။
ဝေဠုကျော်က စိတ်ကျန်းမာရေး ဆေးရုံမှာလည်း အရိပ်အာဝါသ အတော်ကင်းမဲ့နေတဲ့အတွက် သစ်ပင်စိုက်ဦးမှာ ဖြစ်ကြောင်း ပြောပါတယ်။ အာဇာနည်နေ့ဆိုတာ မမေ့သင့်၊ မမေ့အပ်တဲ့ နေ့တစ်နေ့ ဖြစ်ကြောင်းကို ဝေဠုကျော်က “အာဇာနည်တွေဆိုတာ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးရဖို့အတွက် အသက်ကို စွန့်သွားကြတဲ့သူတွေပါ။ မေ့ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဖျောက်ပစ်ကောင်းတဲ့အရာ မဟုတ်ပါဘူး။ အမြဲတမ်း သတိရ၊ အမှတ်ရနေပြီးတော့ သူတို့ချသွားတဲ့ လမ်းစဉ်တွေ၊ သူတို့ လုပ်သွားတဲ့ အလုပ်မျိုးတွေကို ကျွန်တော်တို့ ပြည်သူတွေက တစ်ထောင့်တစ်နေရာက တတ်နိုင်သလောက် လုပ်သွားမယ် ဆိုရင် တိုင်းပြည်အတွက် အများကြီး အကျိုးရှိမှာပါ” လို့ ပြောပါတယ်။
ခိုင်ဝေ



6:29 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com