22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, July 13, 2012

ပြည်သူကရွေးချယ်နိုင်တော့မည့် ရပ်ကျေး နည်းဥပဒေပေါ်ထွက်လာ

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေထွက်ပေါ်လာပြီမို့ ပြည်သူတွေကိုယ်တိုင် မိမိတို့ရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မကြာမီ ရွေးချယ်နိုင်ကြတော့မှာ ဖြစ်ပါတယ်။
ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးဆိုင်ရာ နည်းဥပဒေတွေကို ဇူလိုင် ၁၀ ရက်က ထုတ်ပြန်ခဲ့ပြီး၊ လွှတ်တော်ကိုယ်စားလှယ်တွေထံ ဇူလိုင် ၁၁ ရက်က ဖြန့်ဝေခဲ့ပါတယ်။
ရပ်ကျေး နည်းဥပဒေ ထွက်ပေါ်လာပြီမို့ ပြည်သူတွေရရှိလာနိုင်တဲ့ အခွင့်အရေးတချို့ကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ခုလို ပြောပြပါတယ်။
“ဒီနည်းဥပဒေအရဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဥပဒေအတိုင်း ပြန်ရွေးရမှာပေါ့။ ဆယ်အိမ်တစုကနေ လျှို့ဝှက်မဲနဲ့ ကိုယ်စားလှယ် ၁ ဦး ရွေးမယ်။ ဆယ်အိမ်စု ကိုယ်စားလှယ်တွေကနေ တခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရွေးရမှာပေါ့။ ဥပဒေတွေထွက်လာပြီဆိုတော့ ပြည်သူလူထုကလည်း အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြန်ရွေးချင်ရင်တော့ အမြန်ဆုံး ဆောင်ရွက်လိမ့်မယ်လို့ ထင်ပါတယ်။ ပြည်သူလူထုက ဆယ်အိမ်မှူးတွေကို လျှို့ဝှက်မဲနဲ့ ရွေးခွင့်ရှိတယ်။ ဆယ်အိမ်မှူးအားလုံးက လျှို့ဝှက်မဲနဲ့ရွေးရမှာပေါ့။ ဒီမိုကရေစီနည်းကျကျ ရွေးချယ်မှုဖြစ်လာတာပေါ့။”
နည်းဥပဒေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်ဆိုင်ရာကော်မတီကို လျှို့ဝှက်မဲစနစ်နဲ့ မဲထည့် ရွေးချယ်ရမယ့် အချက်တွေပါဝင်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလထဲ ကျင်းပခဲ့တဲ့ လွှတ်တော်တရပ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေကို တင်သွင်းအတည်ပြုခဲ့တာဖြစ်ပြီး အခုတော့ နည်းဥပဒေပါ ထွက်ရှိလာတာ ဖြစ်ပါတယ်။
ဥပဒေပါ ပြဋ္ဌာန်းချက်အချို့အရ ရပ်ကျေးအုပ်ချုပ်ရေးမှူး အရွေးချယ်ခံမယ့်သူဟာ အနည်းဆုံး အသက် ၂၅ နှစ် ရှိရမှာဖြစ်ပြီး၊ ပညာရေး၊ စီးပွားရေး အသင့်အတင့်ရှိသူ ဖြစ်ရမယ်။ အစိုးရ၀န်ထမ်း မဟုတ်ဘဲ ရပ်ကွက်ထဲ အနည်းဆုံး ၁၀ နှစ်ဆက်တိုက်နေလာခဲ့သူ ဖြစ်ရမယ်လို့ သိရပါတယ်။
ထူးခြားချက်က ရပ်ကျေးအုပ်ချုပ်ရေးမှူး အရွေးခံမယ့်သူဟာ ပါတီနိုင်ငံရေးကင်းရှင်းရမယ် ဆိုတဲ့အချက် ပါရှိမလာတာဖြစ်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )