ယူကရိန်းနိုင်ငံသည် အရေးကြီး သော ဒုံးကျည်ထုတ်လုပ်ရေးအချက် အလက်များကိုရယူရန်ကြိုးပမ်းခဲ့သော မြောက်ကိုရီးယားသူလျိုနှစ်ဦးအား ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခဲ့ကြောင်း ဥပဒေပြုရေးအရာရှိတစ်ဦးက ဇူလိုင်လ ၁၆ ရက်နေ့ကပြောကြားခဲ့သည်။
ယင်းဆုံးဖြတ်ချက်ကို ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း အကျဉ်းသားများအား နေရပ်သို့ ပြန်လည်မပို့ဘဲ ယူကရိန်းတွင်သာ အကျဉ်းချထားမည်ဖြစ်ကြောင်းကိုမူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သူလျိုနှစ်ဦးသည် ရုရှားနိုင်ငံ၏ အိမ်နီးချင်း ဘီလာရုစ်နိုင်ငံ၏ မြို့တော်မင့်စ်ခ်၌ မြောက်ကိုရီးယား ကုန်သွယ်ရေးအဖွဲ့တွင် အလုပ်လုပ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံသည် ဆိုဗီယက်စစ်တပ်အတွက် ဒုံးကျည်များနှင့် ယနေ့ ရုရှားနိုင်ငံတွင် အသုံးပြုနေသော အာကာသနည်းပညာများ အခြေစိုက်ရာ အရေးကြီးသောနေရာတစ်ခု ဖြစ်သည်။
Segodnya သတင်းစာတွင် ဖော်ပြချက်အရ ယင်းသူလျိုနှစ်ဦးသည် စစ်အေးကာလအတွင်းက တိုက်ချင်းပစ်ဒုံးကျည် SS-18 အား တီထွင်ခဲ့မှုဖြင့် ကျော်ကြားလာသော Yuzhnoye ဌာနမှ လောင်စာရည် အသုံးပြုအင်ဂျင်နှင့် အခြားလျို့ဝှက် အချက်အလက်များအား ခိုးယူရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref:AFP,
Ref:AFP,
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com