လီဗာပူးလ် အသင်းသည် သီအိုဝဲလ်ကော့တ်အား ခေါ်ယူရေး အတွက် အန်ဒီကာရိုးလ်အား ရောင်းထုတ်ရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
အာဆင်နယ် အသင်း၏ တောင်ပံ တိုက်စစ်မှူးသည် မန်နေဂျာ အာစင်ဝင်းဂါးနှင့် ဆွေးနွေးပြီးနောက် အမ်းမရိတ်စ်တွင် ဆက်ရှိမည်ဟု သတင်းများက ဖော်ပြနေသော်လည်း လီဗာပူးလ်က ဈေးကွက်မပိတ်မီ ကစားသမား ဖွဲ့စည်းမှု အပြောင်းအလဲ ပြုလုပ်နိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။ လီဗာပူးလ်သည် ကာရိုးလ်အား ဝက်စ်ဟမ်း ယူနိုက်တက်ထံ ရောင်းချသွားပြီး ရရှိလာသော ငွေကြေးများကို ဝဲလ်ကော့တ်၏ အပြောင်းအရွှေ့အတွက် အသုံးပြုသွားရန် စဉ်းစားနေခြင်း ဖြစ်သည်။ လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာသည် ဝဲလ်ကော့တ်၏ ကာလရှည်ကြာ ပရိသတ် တစ်ဦးလည်းဖြစ်သည်။

အသင်းမှ ထွက်ခွာဖွယ် ရှိသည့် ကာရိုးလ်
လက်ရှိတွင် အာဆင်နယ်သည် ဝဲလ်ကော့တ်အား (၅)နှစ် သက်တမ်းတိုး စာချုပ်ဖြင့် ထိန်းသိမ်းနိုင်ရန် ဆွေးနွေးနေဆဲ ဖြစ်သည်။ အာဆင်နယ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့သည့် ဝဲလ်ကော့တ်သည် အသင်း၏ တစ်ပတ် ပေါင်စတာလင် (၇၅၀၀၀)ဖြင့် စာချုပ်သစ် ကမ်းလှမ်းမှုကို လက်မခံသေးဘဲ ရှိနေသည်။ လီဗာပူးလ်တွင် တိုက်စစ်၌ လူးဝစ်ဆွာရက်ဇ်နှင့် ဖေဘီယို ဘော်ရီနီတို့ကို အဓိက အားပြု ကစားနေပြီး ကာရိုးလ်မှာ အရန်ခုံတွင် ထိုင်နေရခြင်းကြောင့် အသင်းမှ ထွက်ခွာရန် စဉ်းစားနေကြောင်းလည်း သတင်းများက ဖော်ပြလျှက် ရှိနေသည်။
သတင်းများ အရ တန်းတက် ဝက်စ်ဟမ်းသည် အသင်းကို ရည်မှန်းချက် ကြီးကြီးဖြင့် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ကာရိုးလ်ကို ပေါင်စတာလင် (၁၇)သန်းဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း သိရှိရသည်။
လီဗာပူးလ်သည် ကာရိုးလ်အား ဝက်စ်ဟမ်း ယူနိုက်တက်ထံ ရောင်းချသွားပြီး ရရှိလာသော ငွေကြေးများကို ဝဲလ်ကော့တ်၏ အပြောင်းအရွှေ့အတွက် အသုံးပြုသွားရန် စဉ်းစားနေ...
Ref: Daily Mail



11:35 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com