
၁၉၅၀ပြည့်နှစ် များက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ ၀န်ကြီးချုပ် ကိုယ်ရေး အရာရှိဘ၀က နေထိုင် ခဲ့သော နေအိမ်အား
မကြာမီပြန် လည်ပြုပြင်ကာ ဦးသန့်၏ ဘ၀ အစိတ်အပိုင်းနှင့် သူ၏ အလုပ်နှင့် ပတ်သက်သည် များကို အိမ်၏ အစိတ်အပိုင်း အချို့တွင် ပြတိုက်ငယ် အဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး၊ အိမ်၏ အချို့အစိတ်အပိုင်း များတွင် အများပြည်သူနှင့် ဆိုင်သော ဆွေးနွေးပွဲများ၊ သင်ခန်းစာ ပို့ချချက်များ ပြုလုပ်နိုင်ရန် မိသားစုများက ပြင်ဆင်နေကြောင်း ဦးသန့်၏ မြေးတော် စပ်သူ စာရေးဆရာဦးသန့်မြင့်ဦးကသူ၏ ဖေ့ဘွတ်စာမျက်နှာတွင် ယနေ့ မွန်းလွဲပိုင်းက ရေးသားထားသည်။
ယခင်အစိုးရ လက်ထက်က လျှစ်လျှူရှု့ထားခံခဲ့ရသော ထိုအိမ်သည် အစိုးရပိုင်ဖြစ်ပြီး မိသားစု၏ စိတ်ကူးကို အကောင်အထည်ဖော်နိုင်ရန် သမ္မတက ခွင့်ပြုချက်ပေးခဲ့ပြီး လအနည်းငယ်အကြာအချိန်ယူပြင်ဆင်ပြီး အကောင်အထည် ဖော်နိုင်မည် ဟု မျှော်လင့်ကြောင်း လည်း ဦးသန့်မြင့်ဦး ကရေးသားထားသည်။ အဆိုပါအိမ်မှာ အမှတ်(၃၁)၊ ၀င်ဒါမီရာ Garden (ဆာကူရာ Resident နောက်လမ်းမှ ၀င်ရ) ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင် တည်ရှိသည်။
ဓာတ်ပုံ - U Thant Myint U FB Page



6:02 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com