မန်ချက်စတာ ယူနိုက်တက် အသင်း အနေဖြင့် ရော်ဘင်ဗန်ပါစီကို အရ ခေါ်ယူနိုင်မည်ဟု မိမိ မျှော်လင့်ထားကြောင်း ဝိန်းရွန်နီက ဖွင့်ဟ ပြောကြားလိုက်သည်။
မန်ယူ အသင်း၏ တိုက်စစ်မှူး ရွန်နီက ယမန်နှစ် ပရီးမီးယားလိဂ် ဂိုးသွင်း ဘုရင်နှင့် အကောင်းဆုံး ဘောလုံးသမားဆုရ ဗန်ပါစီနှင့် အိုးလ်ထရက်ဖို့ဒ်တွင် လက်တွဲ ကစားလိုကြောင်း ဝန်ခံသွားသည်။ မန်ယူ အသင်း၏ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ၎င်းသည် နယ်သာလန် လက်ရွေးစင် ရှေ့တန်းလူကို ခေါ်ယူရန် အလိုရှိနေကြောင်း အတိအလင်း ဝန်ခံထားသည်။ သို့သော်လည်း အာဆင်နယ်သည် မဟာပြိုင်ဘက် မန်ယူထံသို့ ၎င်းတို့၏ အဓိကအကျဆုံး ကစားသမားအား လက်လွှဲပေးရန် တွန့်ဆုတ်နေဆဲဖြစ်သည်။ ဗန်ပါစီသည် အမ်းမရိတ်စ်တွင် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး အာဆင်နယ်မှ ထွက်ခွာရန် ဆုံးဖြတ်ထားသည်။

ရွန်နီက "ဗန်ပါစီဟာ ကျွန်တော် လေးစားရတဲ့ ကစားသမား တစ်ယောက်ပါ။ အရမ်းလည်း ထူးချွန်တယ်။ သူက အာဆင်နယ်မှာ နှစ်ပေါင်းများစွာ အံ့ဩစရာတွေ လုပ်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကတော့ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ရခဲ့တာကတော့ အားလုံး အသိပါပဲ။ သူဂိုးတွေ အများကြီး သွင်းခဲ့တယ်။ တကယ်လို့ သူသာ ကျွန်တော်တို့ အသင်းမှာ လာပူးပေါင်းရင် သိပ်ကောင်းတဲ့ အခြေအနေ ဖြစ်လာမှာပါ" ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။ သတင်းများအရ မန်ယူသည် ဗန်ပါစီ အတွက် ပေါင်စတာလင် (၁၅)သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းထားပြီး အာဆင်နယ်ကမူ အသက်(၂၉)နှစ် အရွယ် ကစားသမား အတွက် ပေါင်စတာလင် သန်း(၂၀)အထက် အလို ရှိနေကြောင်း သိရသည်။
ဗန်ပါစီဟာ ကျွန်တော် လေးစားရတဲ့ ကစားသမား တစ်ယောက်ပါ။ အရမ်းလည်း ထူးချွန်တယ်။ သူက အာဆင်နယ်မှာ နှစ်ပေါင်းများစွာ အံ့ဩစရာတွေ လုပ်ပြခဲ့ပါတယ်...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com