22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 18, 2012

ရှီးယားမွတ်စလင် ခရီးသည် ၁၉ ဦးကို ပစ်ခတ်သတ်ဖြတ်

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ ကြာသပတေးနေ့
က ဘတ်စ်ကားတစ်စီးကို လက်နက်ကိုင်သမား
တွေက ရပ်တန့်ပစ်ခတ်ခဲ့ရာ လူအနည်းဆုံး 
၁၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်
တွေပြောစကားအရ သိရှိရပါတယ်။ 
 
 
လူနည်းစု ရှီးယားမွတ်ဆလင်များကို ပစ်မှတ်ထားတိုက်ခိုက်ပုံရတယ်လို့ 
ဆိုပါတယ်။ 


အခုတိုက်ခိုက်မှုဟာ ဆူနီမွတ်စလင်လူများစုနေထိုင်တဲ့ အစ္စလာမ်မာဘတ်မြို့ မြောက်ဘက် က တောတောင်ထူထပ်တဲ့ မန်ဆရာ ခရိုင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 
 
စစ်ယူနီဖောင်းဝတ်ထား တဲ့ သေနတ်ကိုင်သမား ၄၀ လောက်ဟာ ဘတ်စ်ကားပေါ်က ခရီးသည်တွေကို ဆင်းခိုင်းပြီး သူတို့ရဲ့ ID ကဒ်ကို စစ်ပြီးမှ ရှီးယားမွတ်စလင်စစ်စစ်တွေကို ရွေးချယ်ကာ သေဒဏ်ပေးသဏ္ဍန်မျိုး သတ်ဖြတ်ခဲ့ တာလို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။

ပါကစ္စတန်က ဆူနီအစွန်းရောက်အဖွဲ့အစည်းတွေဟာ ရှီးယားမွတ်ဆလင်များကို ၄င်းတို့နှင့် အယူဝါဒ ကွဲလွဲသူတွေအဖြစ် သတ်မှတ်ကာ ပုံမှန်အကြမ်းဖက်သုတ်သင်နေကြတာပါ။ 
 
 
 
သတ်ဖြတ်ခံရတဲ့ ခရီးသည်တွေ လိုက်ပါလာတဲ့ အဆိုပါဘတ်စ်ကားဟာ တပ်မြို့ဖြစ်တဲ့ ရာဝါပင်ဒီ ကနေ ရှီးယားမွတ်စလင် အတော် များများနေ ထိုင်ကြတဲ့ ကာရာကိုရမ် တောင်ခြေရင်းက ဂီဂျစ်ဒေသကို သွားလာနေတာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း အစ္စလာမ်မာဘတ်မြို့ကနေ မြောက်ဘက် မိုင် ၁၁၀ အကွာမှာ တည်ရှိတဲ့ ကိုဟီစတန်ဒေသမှာ ရှီးယားမွတ်စလင် ၁၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့မှု တစ်ခု ဖြစ်ပွားခဲ့ ပါသေးတယ်။ 
 
အဲဒီတုန်းကလည်း သေနတ်သမားများဟာ ဘတ်စ်ကားယာဉ်တန်းပေါ်ကနေ ခရီးသည်တွေကို ဆင်းခိုင်းပြီး ရှီးယားမွတ်စလင်တွေကို ရွေးထုတ်ကာ အသေပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဆူနီမွတ်စလင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ “ပါကစ္စတန်တာလီဘန်အဖွဲ့”က ဖေဖော်ရီလတိုက်ခိုက်မှုဟာ ၄င်းတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားပေမယ့် အခုတစ်ကြိမ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ မည်သည့်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။  
 
(မျိုးကို)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )