ကျပ် ၅၀၀၀ တန် အရွက် ၃၁၇၈ ရွက် တန်ဘိုး
အားဖြင့် ၁၅၈၉၀၀၀၀ ကို ရှမ်းအမျိုးသမီး နန်းနု
(ခ) နန်းပေါ့တ် အတူ (Shan State South – SSS)
ပြည်သူ့ စစ်အဖွဲ့ က သြဂုတ်လ ၂၄ ရက်နေ့  က
ရှမ်းပြည်တောင်ပိုင်းဟွာမူယန်း(ဟွာမိုင်း)ကျေးရွာမှာဖမ်းဆီးလိုက်ပါတယ်လိုရှမ်းသံတော်ဆင့် ထိုင်းဘာသာဝက်ဘ်ဆိုက်သတင်းမှာ ဖေါ်ပြထားပါတယ်။
ငွေတု နန်းနု (ခ) နန်းပေါ့တ် ဟာ နားကုန်းကျေးရွာ၊ လန်းခရူးယားကျေးရွာအုပ်စု၊ ရှမ်းပြည်တောင်ပိုင်း ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်ခရိုင်မှာ အခြေချနေထိုင်နေတာ နှစ် 20 ကျော်ရှိပြီဖြစ်တယ်။
အဖမ်းခံရသူ နန်းနု(ခ) နန်းပေါ့တ်ဟာ အရင်က ၂ ကြိမ် သွားရောင်းခဲ့တယ်။

မြန်မာကျပ်ငွေ သိန်း ၁၅၀ ကျော်ကို ထိုင်းဘက်ခြမ်း မဲ့ဟောင်ဆောင် ခရိုင်ကို ဖြတ်ကျော်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းကို ယူဆောင်သွားတာဖြစ်တယ်။
ငွေတု နန်းနု (ခ) နန်းပေါ့တ် ဟာ နားကုန်းကျေးရွာ၊ လန်းခရူးယားကျေးရွာအုပ်စု၊ ရှမ်းပြည်တောင်ပိုင်း ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်ခရိုင်မှာ အခြေချနေထိုင်နေတာ နှစ် 20 ကျော်ရှိပြီဖြစ်တယ်။
အဖမ်းခံရသူ နန်းနု(ခ) နန်းပေါ့တ်ဟာ အရင်က ၂ ကြိမ် သွားရောင်းခဲ့တယ်။
တကြိမ်က ကျပ် ၃ သိန်းဖြစ်ပြီး ဒုတိယအကြိမ်က သိန်း ၅၀ ဖြစ်တယ်၊ ငွေတုတွေကို ထိုင်းနိုင်ငံချင်မိုင်မြို့ 
နေ ရှမ်းလူမျိုး စော ဆိုသူဆီက ယူခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောတယ်။
အခုအခါမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့  ဆိုပါတယ်။
ဘီဘီစီ ၀င်းမြင့် BBC Winmit. ဆီမှ ပြန်လည် ကူးယူဖော်ပြပါသည်.

7:10 PM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com