ရိုဟင်ဂျာ မူဆလင်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့အညီ လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ ခေါင်းဆောင်တွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သဘောထားအမြင်တွေကို နားထောင်လိုစိတ် ရှိပါတယ်လို့ မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က အကောင်းမြင်စကား ပြောကြားလိုက်ပါတယ်။

မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်ကို ၂၀၀၈ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စကားပြောဆိုနေစဉ် တွေ့ရပုံ။
ကွာလာလမ်ပူမြို့တော်မှာ မနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ - လက်ရှိ မြန်မာခေါင်းဆောင်တွေဟာ အရင် ခေါင်းဆောင်တွေနဲ့ ရပ်တည်ချက် သဘောထားချင်း မတူညီဘူးဆိုတာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်က ပြသနေပါတယ်။
ရိုဟင်ဂျာတွေကို လက်ခံရေး လုပ်ငန်းစဉ်ဟာ အချိန်အတန်ကြာ ယူရမှာဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို လက်ခံလာမှာပါလို့ မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောသွားခဲ့ပါတယ်။



11:41 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com