22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 18, 2012

သူများကိုလက်စားချေဖို့ အပင်ပန်းမခံဘူး ဖွေးဖွေး


 

ဖွေးဖွေး ဒီနှစ်က ဘယ်နှ နှစ်ပြည့်မွေးနေ့လဲ။
၂၄နှစ် ပြည့်တာ ပါရှင်။ လူ ကြီးဖြစ်သွားပါပြီရှင်။ နောက်နှစ်ကျ ရင်တော့ လာမမေးနဲ့တော့။ (၂၅) နှစ်ကျော်ရင် အသက်ဘယ်လောက် ရှိပြီဆိုတာ မပြောပြတော့ဘူး။
ဒီနှစ် ကိုယ့်မွေးနေ့လေး မှာ ဘာတွေလုပ်မယ်လို့စိတ်ကူးမိ သေးလဲ။
ဒီနှစ်ကတော့ မခင်စန္ဒာ မြင့်တည်တဲ့ရှုတင်လည်းဖြစ်တော့ အလုပ်ကမအားဘူး။ မနားရဘူး။ အရင်တုန်းက မွေးနေ့ဆို အလုပ်မ လုပ်တာများတယ်။ ဒီနှစ်ကတော့ အလုပ်လုပ်ရင်းနဲ့ပဲ ဖြတ်သန်းရမှာ ပေါ့။ ညနေကျရင်တော့ ဦးပွားတို့၊ ကိုစိုင်းစိုင်း၊ မခင်စန္ဒာမြင့်နဲ့ ခုဒီ ကားထဲမှာပါတဲ့ ညီမလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး လေးပဲ မုန့်သွားစားဖို့စိတ်ကူးတယ်။ ရှုတင်နားတဲ့နေ့ကျရင်တော့ ခါတိုင်း လိုပဲ အလှူသွားလုပ်ဖြစ်မယ်။
အသက်တစ်နှစ်ကြီးလာ လို့ ကိုယ့်မွေးနေ့ရောက်တိုင်း ဖွေး ဖွေးပြန်ပြီးဆင်ခြင်သုံးသပ်မိတာ က...
ငါလူကြီးဖြစ်လာပြီ။ ပြီး တော့ ငယ်ငယ်ကတည်းကလူကြီး ဖြစ်ချင်တာဆိုတော့ အသက်ကြီး လာတဲ့အတွက်ပျော်တယ်။ အချိန် တွေနည်းလာသလို ခံစားရတယ်။ တစ်နှစ်ထက်တစ်နှစ် ပရိသတ်က ဖွေးဖွေးကိုတန်ဖိုးထားပြီး အားပေး လာတယ်လို့ခံစားရတယ်။ ဒီနှစ်ဆို လည်း ပရိသတ်ကပေးတဲ့လက် ဆောင်တွေထဲမှာ တော်တော်ပင်ပင်ပန်းပန်းလေးလုပ်ပြီးပေးထား တာတွေ့ရတယ်။ နယ်ဘက်က လည်း ပို့ပေးကြတယ်။ အားလုံးကို ဖွေးဖွေး တကယ်ကျေးဇူးတင်ပါ တယ်လို့ ဒီစာမျက်နှာပေါ်ကနေ ပြောချင်ပါတယ်။
  ဖွေးဖွေး ဘာကြောင့်လူ ကြီးဖြစ်ချင်တာလဲ။
အင်း ငယ်ငယ်ကတည်း က အိမ်မှာကလေးလိုနေရတာများ တယ်။ ခုကျတော့ ကိုယ့်ကို မိဘက ယုံကြည်လာတယ်။ ငါ့သမီးရင့် ကျက်လာပြီ။ အားကိုးယုံကြည်တဲ့ ခံစားချက်မျိုးရချင်လို့ လူကြီးဖြစ် ချင်တာ။
ခုဆို ဖွေးဖွေးနောက်ကို မေမေက သိပ်မလိုက်တော့သလိုပဲ။
အမေတို့ ဖွေးဖွေးကိုယုံ ကြည်လာပြီလို့ ခံစားရတယ်။ စစ ချင်းဖွေးဖွေးအလုပ်လုပ်တဲ့ နှစ်နှစ် သုံးနှစ်အတွင်းမှာ အမေကတောက် လျှောက်လိုက်တယ်။ ခုကျတော့ ကန်ပေါင်မှာဆိုင်ဖွင့်လိုက်တာလည်း ပါတယ်။ အမေကဆိုင်ထိုင်တယ်။ ဖွေးက ကိုယ့်ဘာသာကိုယ်သွား တယ်။ အမေက ကြော်ငြာရိုက် လောက်တော့ လိုက်ပေးဖြစ်တယ်။ ကားရိုက်ကျတော့ အမေ့ကိုလည်း သနားတယ်။ လူကြီးလည်းဖြစ်နေ ပြီဆိုတော့ အညောင်းတွေမိမှာ လည်း စိုးတယ်။ အမေမလိုက်တဲ့ အစပိုင်းက နည်းနည်းတော့အား ငယ်တာပေါ့။ နောက်ပိုင်းကျတော့ ပိုပြီးကိုယ့်အားကိုယ်ကိုးတဲ့ယုံကြည် မှုမျိုးရလာတယ်လို့ခံစားရသလို ရှု တင်ကလူတွေနဲ့လည်း ပိုပြီးရင်းနှီး မှုရလာတယ်။
စိုင်းစိုင်းနဲ့ဖွေးဖွေးရဲ့တွေ့ ဆုံမှုက..
 ဒါပထမဆုံးပါပဲ။
ဇာတ်ကားရိုက်ကူးမှုအ တွက် ဘယ်လိုညှိယူခဲ့ရတာတွေရှိ လဲ။
အရမ်းကြီးထွေထွေထူး ထူးတော့ ညှိယူရတာမျိုးမရှိပါဘူး။ အဆင်ပြေပါတယ်။
ဒီကားမှာ ဖွေးဖွေးရဲ့ကာ ရိုက်တာက..
စာကြမ်းပိုး မိန်းမဝါဒီပေါ့။ နောက်ပိုင်းကျတော့ စိုင်းစိုင်းအ သည်းခွဲလိုက်တဲ့ ဟော့ရှော့သုံး ယောက်က ဖွေးဖွေးကိုပုံစံပြောင်း ပေးပြီး စိုင်းစိုင်းကို ကလဲ့စားချေတဲ့ ဇာတ်ရုပ်ပေါ့။
အပြင်မှာဆိုရင်ရော..
အဲဒီလောက်ကြီး သူများ ကိုလက်စားချေဖို့ အပင်ပန်းမခံဘူး။
ဒီနှစ်မွေးနေ့လက်ဆောင် ပထမဆုံးဘယ်သူ့ဆီကရတာလဲ။
အဖေ့ဆီက ပြီးတော့ ပရိ သတ်တွေဆီကရတယ်။
အရင်ဆုံး Birthday Wish လုပ်တာ ဘယ်သူလဲ။
 Message တွေက ပြုံပြီး ဝင်လာတာဆိုတော့ မမှတ်မိတော့ ဘူး။
 ဖွေးဖွေးပရိသတ်ကိုပြော ချင်တာက..
ဆက်ပြီးတော့ ကြိုးစား သွားပါဦးမယ်။ ဒီလိုနေရာတစ်ခု ရတာ ပရိသတ်အားပေးလို့ပါ။ ပရိ သတ်ကျေးဇူးက ကြီးမားပါတယ်။ ဆက်ပြီးတော့လည်း အားပေးပါဦး။ ကျေးဇူးတင်ပါတယ်လို့။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )