သာကေတမြို့နယ်ရှိ ရှုခင်းသာ အပန်းဖြေ အားကစား ကွင်းကို ယခု လကုန်တွင် အပြီး ပိတ်သိမ်းသွား မည်ဖြစ်ပြီး အဆိုပါ ပန်းခြံမှ ၀န်ထမ်းများ အား ပြည်သူ့ ဥယျာဉ်ရှိ ရေလွှာလျှောနှင့် အားကစား ကွင်းတွင် ပြန်လည်ခန့်ထားရန် စီစဉ်နေကြောင်း ယင်းအပန်းဖြေအားကစားကွင်းများကို ကန်ထရိုက် စနစ်ဖြင့် လုပ်ကိုင်နေသည့် သိဂီရွှေရည်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။ “ရှုခင်းသာဘက်က ၀န်ထမ်းတွေ ဒီကိုရွှေ့ပြောင်းဖို့ရှိနေတာတော့ရှိပါတယ်။ ဒီလကုန်မှ သိရမှာပါ။
ကျွန်တော့်ဆီတော့ ခုထိ ညွှန်ကြားချက် မရောက်လာသေးပါဘူး။ လက်ရှိကျွန်တော်တို့က ပြည်သူ့ဥယျာဉ်မှာ ရေကူးကန်နဲ့ အားကစားကွင်းတို့ကို လုပ်ခွင့် ရထားတာပါ။ အခုလက်ရှိ ၀န်ထမ်း အင်အားက ၄၀ လောက်ရှိပါတယ်”ဟု ပြည်သူ့ဥယျာဉ်ရှိ အား ကစားကွင်းနှင့် ရေကူးကန်မန်နေဂျာ ဦးရေခဲက ပြောသည်။ “ကျွန်တော်တို့ ဘိုးလင်းစင် တာကတော့ ရှုခင်းသာအား ကစားကွင်းထဲမှာ မပါပါဘူး။ ရှုခင်းသာကတော့ ဒီလကုန်မှာ သေချာပေါက်ပိတ်တော့မှာ ပါ။ ခုတောင် ပစ္စည်းတွေသိမ်းဆည်းနေပါပြီ”ဟု Asia Point ဘိုးလင်းစင်တာမှ တာဝန်ရှိသူတစ်ဦးက ရှုခင်းသာပန်းခြံ ပိတ်သိမ်းမည့်အကြောင်း အတည်ပြုပြောကြားသည်။ အဆိုပါ ရှုခင်းသာ အပန်းဖြေအားကစားကွင်းကို ၁၉၉၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုကဲ့သို့ ပန်းခြံပိတ်သိမ်းပြီး နောက်ဟိုတယ်အဖြစ် ပြန်လည်ဆောက်လုပ်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ယင်းအားကစားကွင်းမှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်း ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ “ရေကူးကန်ဘက်ကို ရှုခင်းသာက ၀န်ထမ်းတွေပြောင်းရွှေ့မယ်ဆိုတာ သတင်းကြားပါတယ်။ ဒီလကုန် ၀န်ထမ်းတွေလာပြီး အလုပ်ဆင်းမယ်လို့ သိရပါတယ်” ဟု အဆိုပါ ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။



6:11 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com