မကွေး ဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းကို အိတ်စပို့ အတွက် ၀ယ်ယူသူ များ ၀ယ်အား သွက်လာ တာကြောင့် ဈေးမြင့်တက် ခဲ့ပြီး ကုလားပဲ (ထိုင်ဝမ်)ကတော့ ဒေသတွင်း ခွဲစက်များ ၀ယ်လိုအားပုံမှန် ရှိ ပေမယ့် ဈေးအပြောင်းအလဲ မရှိဘဲ ဈေးတန့်နေတယ်လို့ ဆိုပါတယ်။
နှမ်းမျိုးစုံကတော့ မန္တလေး ၀ယ်လက်၊ ရန်ကုန် ၀ယ်လက်နဲ့ ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များ အ၀ယ်ဆုံလို့ ဈေးကအမြင့်မှာရှိနေတယ်လို့ သိရပါတယ်။ ဈေးကွက် မှာ အရောင်းရော အ၀ယ်ပါသွက်နေတဲ့ ပဲစင်းငုံနီကိုတော့ ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၁၁၁၀ ကျပ်(တစ် တန်ကို ၆၇၉၇၅၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၅၀၀ ကြား အ၀ယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
မကွေးဈေးကွက်မှာ အ၀င်လှိုင် နေတဲ့ ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးအ ပေါ်မူတည်ပြီး ဈေးပေးအ၀ယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၀၅ ကျပ်(တစ်တန်ကို ၆၇၆၆၉၀ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်အ၀ယ်ရှိခဲ့တယ်လို့ သိရပါတယ်။
နှမ်းမျိုးစုံကိုတော့ ရန်ကုန်-မန္တလေးဝယ်လက် နဲ့ ဒေသတွင်းဆီကြိတ် လုပ်ငန်းရှင်များက ၀ယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာခဲ့ပြီး အရောင်းအ၀ယ်ဖြစ်မှုလည်း များလာတယ်လို့ဆို ပါတယ်။
အရောင်းအ၀ယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၀၉၀ ကျပ်၊ နှမ်းနီတစ်ပိဿာ ၁၉၀၀ ကျပ်၊နှမ်းနက်တစ်ပိဿာ ၂၀၇၅ ကျပ်ဈေး နဲ့နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၀၀၀ ခန့်အရောင်းအ၀ယ်ဖြစ်ခဲ့တယ် လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com