မိမိအား ရီးယဲလ်မက်ဒရစ် အသင်းက အမှန်တကယ် အလေးအနက် အလို ရှိနေကြောင်း ဖူလ်ဟမ်အသင်း ကွင်းလယ် ကစားသမား မူဆာ ဒမ်ဘီလီက ပြောကြားလိုက်သည်။
၎င်း၏ အေးဂျင့်သည် ရီးယဲလ်နှင့် စကားပြောဆို ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဘယ်လ်ဂျီယံ လက်ရွေးစင်က ဆိုသည်။ ကွင်းလယ်ရော၊ တိုက်စစ်တွင်ပါ ခြေစွမ်းပြ ကစားနိုင်သည့် စွယ်စုံရ ကစားသမားအား မန်ချက်စတာ ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်း အချို့ကလည်း စောင့်ကြည့်နေသည်။ ၎င်းသည် ပြီးခဲ့သည့် ရာသီက ကရေဗင်ကော့တေ့ဂ်ျတွင် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့သူလည်း ဖြစ်သည်။ ဒမ်ဘီလီသည် (၂၀၁၀)ပြည့်နှစ်က နယ်သာလန် ကလပ် AZ အယ်လ်ခမာထံမှ ဖူလ်ဟမ်သို့ ပေါင်စတာလင် (၅)သန်းဖြင့် ပြောင်းရွှေ့ လာခဲ့သည်။
အသက်(၂၅)နှစ်ရှိ ဒမ်ဘီလီက ယခုအခါ ဟိုဆေး မော်ရင်ဟို၏ လာလီဂါ ချန်ပီယံ အသင်းက မိမိကို အလိုရှိနေကြောင်း အတိအလင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ "ကျွန်တော့် ကိုယ်စားလှယ်က ရီးယဲလ်နဲ့ ပြောပြီး ဆိုပြီးပါပြီ။ ကျွန်တော့် အေးဂျင့်နဲ့ ရီးယဲလ်နဲ့ကြားမှာ ဆက်သွယ်မှုတွေ ရှိနေပါတယ်။ သူတို့က ကျွန်တော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အားလုံးကို စိတ်ဝင်တစား စုံစမ်းခဲ့ပါတယ်။ လောလောဆယ်တော့ ဒီထက်ပိုပြီး ဘာမှ မပြောတတ်သေးပါဘူး။ ကိစ္စအားလုံး အေးအေးဆေးဆေးပါပဲ။ ကျွန်တော်ကတော့ ကိုယ်ဘယ်အသင်းမှာ ကစားချင်ပါတယ်လို့ ထုတ်မပြောပါဘူး" ဟု ဒမ်ဘီလီက ပြောကြားသွားသည်။
ကျွန်တော့် ကိုယ်စားလှယ်က ရီးယဲလ်နဲ့ ပြောပြီး ဆိုပြီးပါပြီ။ ကျွန်တော့် အေးဂျင့်နဲ့ ရီးယဲလ်နဲ့ကြားမှာ ဆက်သွယ်မှုတွေ ရှိနေပါတယ်။ သူတို့က ကျွန်တော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အားလုံးကို စိတ်ဝင်တစား စုံစမ်းခဲ့ပါတယ်...
၎င်းက တိုက်စစ်မှူး တစ်ဦး၏ ဘဝကို ပိုမိုခုံမင်ကြောင်းလည်း ဆိုသည်။ "ကျွန်တော့်ကို ကွင်းလယ် ကစားသမား တစ်ယောက် အနေနဲ့ တိုက်စစ်သမား တစ်ယောက်အနေနဲ့ အဓိပ္ပါယ် သတ်မှတ်တာမျိုးကို ပိုလိုလားပါတယ်။ တိုက်စစ်မှာ ကစားရတာက ကျွန်တော် အကြိုက်ဆုံးပါပဲ" ဟုလည်း ဒမ်ဘီလီက ဖွင့်ဟသွားသည်။
Ref: Daily Mail



11:27 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com